27 C
Yangon

အင်းတော်၊ ကျောက်ကြီးနှင့်မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် အခြေခံ ပညာကျောင်းသူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပဲခူးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် Grade-12 ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များပျက်စီးခဲ့ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၇ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်း ဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးရွာစာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပဲခူးရွာစာသင်ကျောင်းတွင် အဆောင်နေပြီး ကျောင်းတက်နေသော တောင်ဖီလာကျေးရွာမှ အသက် ၁၈နှစ်အရွယ် Grade 12ကျောင်းသူ ၁ ဦး သေဆုံးကာ ကျောင်းသူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ပဲခူးရွာစာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးကာ ကျောင်းအနီးရှိ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ပဲခူးရွာမှာ တစ်ခြားဘေးရွာက ကျောင်းသားတွေပေါ့နော် ကျောင်းအိပ် ကျောင်းစား၊ အဆောင်သဘောမျိုးနဲ့ လာနေပြီး ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်း သူတွေရှိတယ်။ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်တဲ့အချိန်မှာ ကျောင်းသူတစ်ယောက်ဆုံးသွားတယ်။​ နောက် ထပ် ကျောင်းသူ ၂ ယောက် ဒဏ်ရာရတယ်။ သေဆုံးသွားတဲ့ Grade-12 ကျောင်းသူက တောင်ဖီလာကျေးရွာကပါ။ ဗုံးသီးကျတာကတော့ ကျောင်းဘေးနားကို ကျတာပါ။ ဗုံးက ပြင်းတယ်။ ဗုံးအရှိန်ကြောင့်မို့လို့ ကျောင်းဆောင်တွေ ကျောင်းရုံးခန်းတွေ ပျက်စီးသွားတာရှိတယ်။ ကျောင်းအပြင် ရွာထဲက နေအိမ်တွေလည်းပျက်စီးသွားတယ်။ နေအိမ် ဘယ်နှစ်လုံးပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးဘူး”ဟု Indaw Revolution-IR မှ တာဝန်ရှိသူက ဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟို က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခန့် အချိန် မူးမြို့နယ်ရှိ ရေလဲအနောက်ဘက်ကမ်းကျေးရွာ အတွင်းသို့ နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံ့းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုကျေးရွာအတွင်းရှိ အသက် ၃၈ နှစ်အရွယ် စောထင်လင်းအောင် လက်နက်ကြီး ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရိ ၃၀ မိနစ် ခန့်အချိန် ကျောက်ကြီးမြို့နယ်ရှိ ပိုးလိုနိုဖိုးကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ထိုကျေးရွာအတွင်းရှိ အသက် ၁၆ နှစ်အရွယ် စောသခူးဒို ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article