27 C
Yangon

ပေါင်းတလည်မြို့မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာမဲရုံ လုံခြုံရေးအတွက် ပေါင်းတလည်မြို့မှကင်းပတ်ရန် ထွက်လာသော စစ်သား ၁၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ကန်စုရွာအနောက်ဘက် စာသင်ကျောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ကားပေါ်တင်၍ ပေါင်းတလည်မြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ပေါက်ခေါင်းမြို့နယ်က ဗောဓိကုန်းရွာမဲရုံကို လုံခြုံရေးအတွက် ပေါင်းတလည်မြို့ကနေ ကင်းပတ်ထွက်လာတဲ့ စစ်ခွေး ၁၅ ကောင်ကို ကန်စုရွာအနောက်ဘက် စာသင်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး ၂ ကောင်သေတယ်။ ၃ ကောင် ထိခိုက်ဒဏ်ရာရတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ် ၁ ၃၆ဝ၁ တပ်ရင်း တပ်ခွဲ ၃ က လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်သားများအနီး သွားလာခြင်းမပြုလုပ်ကြရန် အသိပေးလိုကြောင်း ရဲဘော် Shadow က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article