28 C
Yangon

ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦးသေဆုံး၊ မြို့ပေါ်ထွေ/အုပ်ရုံးလည်း လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦးသေဆုံးကာ မြို့ပေါ်ထွေ/အုပ်ရုံးလည်း လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးခဲ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ရွာဘက်မှ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို လက်နက်ကြီးကျည်သည် မန်ကျည်းတောရွာပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မန်ကျည်းတောရွာမှ ဦးကံမြင့်၏ သမီးဖြစ်သူ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဦးကံမြင့်၏ ဇနီးဖြစ်သူ အသက် ၆၀ အရွယ် ဒေါ်ဆယ်မိ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးမှာလည်း ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ဘက်ကနေ ည ၈ နာရီဝန်းကျင် လောက်မှာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာ အဲတာ မန်ကျည်းတောရွာ ပေါ်ကျတာ ရွာထဲက ၅ ဦးထိတယ်။ ၁ ယောက်က နေရာမှာတင် သေတာ ကျည်ကျတာက ဦးကံမြင့်ရဲ့ သမီးနေအိမ်ပေါ်ကျတာ သေဆုံးတာက ဦးကံမြင့်ရဲ့ ဇနီး ဒေါ်ဆယ်မိ သေဆုံးတာ သူကအိမ်မှာ မအိပ်ရဲလို့ဆိုပြီး သူ့သမီး အိမ်မှာသွားအိပ်တာ သေကံပါလို့လားလည်းတော့ မသိပါဘူး သူသွားအိပ်ခါမှ ကျည်က အိမ်ရှေ့အဖီပေါ်ကျတာ နေရာမှာတင် ဒေါ် ဆယ်မိ ပွဲချင်းပြီးသေဆုံးတယ်။ ၄ ဦး ပြင်းထန်ဒါဏ်ရာရတယ်။ တစ်ဦးကတော့ အခြေနေမကောင်းဘူး။ ဦးကံမြင့်နဲ့ ဒေါ်ဆယ်မိရဲ့ သားပါ။ ဒါဏ်ရာရတဲ့သူအားလုံး စလင်းဆေးရုံကို ကြက်ခြေနီ ကားနဲ့ ပို့ဆောင်လိုက်တယ်လို့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ဆင်ဖြူကျွန်းမြို့ပေါ် ထွေ/အုပ်ရုံးကိုလည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထွေ/အုပ်ရုံးနှင့် ထွန်စက် စခန်းတို့ မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article