ဒီကနေ့ ဇန်နဝါရီ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးတပ်တွေက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာမှာ ဖော်ပြလာပါတယ်။
- ရန်ကုန်တိုင်းမှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ထွေအုပ်တွေက လွတ်လပ်ရေးနေ့ နေအိမ် အားလုံး နိုင်ငံတော်အလံ ထောင်ရမယ်ဆိုပြီး အလံသေးတစ်ခုကို ငွေကျပ် ၉၀၀၀ ကျပ်နဲ့ လိုက်ရောင်းနေပြန်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်က မတရား အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၄ နှစ်ကျော်ကာလအတွင်းမှာတင် အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို မတရား သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၃၀၀၀ ကျော်ကို ကျူးလွန်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




