24 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တို့တွင် လုံခြုံရေး အင်အားဖြည့်တင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် ပြော၊ ရွေးကောက်ပွဲနှောင့်ယှက်သည်ဟုဆိုကာ ပြည်သူ ၃၃၅ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တို့တွင် လုံခြုံရေး အင်အားဖြည့်တင်းမည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင် ထွန်းထွန်းနောင်က အထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်သည်။

ယခု ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကျင်းပသွားမည်ဖြစ်၍ လုံခြုံရေးစီမံချက်များ ပြင်ဆင်ဆောင်ရွက်၍ ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်၊ ဝါဒဖြန့်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ အစီအမံများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၂)နှင့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၃) တို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် လုံခြုံရေးစီမံချက်များပါအတိုင်း အင်အားဖြည့်တင်း၍ ပြင်ဆင်ဆောင်ရွက်သွားရန် စစ်တပ်၏ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်ကဆိုသည်။

လက်ရှိအချိန် ရွေးကောက်ပွဲနှောင့်ယှက်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၃၃၅ ဦးကို အရေးယူဆောင်ရွက်မှု အမှု ၂၄၀ ဖြင့် ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသော ပြည်သူများတွင် အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦးရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article