32 C
Yangon

မြိုင်မြို့နယ် ညောင်ကုန်းရွာနှင့် မန်ကျည်းကန်ရွာအနီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်ကုန်းရွာနှင့် မန်ကျည်းကန်ရွာအကြားသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅နာရီ ၅၉မိနစ်ခန့်အချိန်နှင့် မွန်းလွဲပိုင်းအချိနများတွင် မီတ္ထိလာရှမ်းတဲလေ တပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် မြိုင်မြို့နယ်၊ ညောင်ကုန်းရွာနှင့် မန်ကျည်းကန်ရွာအကြားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးမရှိပါဘူး။မြိုင်မြိုု့နယ် ၊ ညောင်ကုန်းရွာနှင့် မန်ကျည်းကန်ရွာကြား တောထဲကို ကျဲသွားတာပါ။ ဗုံး ၂ လုံးနဲ့ ကျဲသွားတာပါ။ မွန်းလွဲပိုင်း ဗုံးထပ်ကျဲတာက နေအိမ် ၃ လုံးပျက်စီးသွားတယ်”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း မြိုင်မြိုနယ်၊ ကြက်မောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article