ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံရဲ့ အထူးဒေသ ၁ မှာ ကိုးကန့်ဒေသနဲ့ မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ပြန်လည် ထိန်းချုပ်နိုင်တဲ့အပြင် သိန္နီနဲ့ ကွတ်ခိုင်ဒေသတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှမရှိတော့ဘဲ လွတ်မြောက်သွားပြီလို့ MNDAA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးခေါင်းဆောင် ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ဒေသပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့ကနေ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို အင်အားဖြည့်တင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျေးရွာတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မလေးရှားစစ်တပ်အကြီးအကဲဟောင်း ဟာဖစ်ဇူဒင်း ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) က ဖမ်းဆီးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




