မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ စပါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး သံဃာတော် ၁ ပါးကို မီးရှို့သတ်ဖြတ်ကာ ပြည်သူ ၁ ဦး ကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီခန့်တွင် တံတားဦးမြို့နယ်၊ စပါးတွင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၅၀ နှစ်အရွယ် ဦးညွှန့်အောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ ကျန်းမာရေး မကောင်းသည့် သက်တော် ၇၀ ကျော်ရှိသော သံဃာတော် ၁ ပါးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၇၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများသည် လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက စပါးတွင်းကျေးရွာကို နံနက် အစောကြီး ဝင်ရောက်စီးနင်းတာ စစ်ခွေးတွေ ဝင်ရောက်စီးနင်းတော့ ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိတဲ့ အသက် ၅၀ အရွယ် ဦးညွှန့်အောင်ကို ပစ်သတ်ပြီးတော့ သက်တော် ၇၀ ကျော် နာမကျန်းဖြစ်နေတဲ့ သံဃာတော် ၁ ပါးကိုလည်း မီးရှို့ သတ်ဖြတ်သွားတယ်။ စစ်ခွေးတွေ မီးရှို့လို့ ရွာထဲက နေအိမ် ၇၃ လုံးလည်း ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို ၀င်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar












