အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၂ တွင် မြို့နယ် ၁၀၀ အနက်မှ မြို့နယ် ၆၀ နီးပါးတွင် ကြံ့ ခိုင် ရေးပါတီက အနိုင်ရရှိထားပြီဟု ကနဦးသတင်းအချက်အလက်များအရ သိရှိရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ တွင် ရွေး ကောက်ပွဲ ပြုလုပ်ခဲ့ပြီး လတ်တလော ကနဦး သတင်းအချက်အလက်များအရ မြို့နယ် ၆၀ နီးပါးတွင် အနိုင်ရရှိထားပြီဖြစ်ကြောင်း ၊ ရန်ကုန်တိုင်း ၁၆ မြို့နယ်၊ ကချင်ပြည်နယ် မြို့နယ် ၃ ခုနှင့် ကယား ပြည်နယ် မြို့နယ် ၂ ခု၊ ကရင်ပြည်နယ် မြို့နယ် ၂ ခု၊ စစ်ကိုင်းတိုင်း မြို့နယ် ၁၁ ခုအနက်မှ မြို့နယ် ၅ ခု၊ ပဲခူးတိုင်း မြို့နယ် ၁၂ ခုအနက်မှ မြို့နယ် ၈ ခု ၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခု ၊ မန္တလေးတိုင်း မြို့နယ် ၉ ခု နှင့် မွန်ပြည်နယ် မြို့နယ် ၂ ခု၊ ဧရာ၀တီတိုင်း မြို့နယ် ၉ ခုတို့တွင် အနိုင်ရရှိထားကြောင်း၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှာမူ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“မြို့နယ် ၁၀၀ မှာ မြို့နယ် ၅၉ ခုနိုင်ထားတယ်။ ရှမ်းဘက်ကတော့ စုစုပေါင်း မဲရလဒ်တွေ မရသေးဘူး။ မဲရုံတွေက နည်းနည်းလှမ်းတာကြောင့်ပါတယ်။ ၆၀ ရာခိုင်နှုန်း နီးပါးကတော့ နိုင်သွားပြီ။ အပြတ် အသတ် မဲ အသာနဲ့ နိုင်တာပါ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ကချင်ပြည်နယ်တွင် မချမ်းဘော့မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ ကရင်ပြည်နယ်တွင် ဖာပွန်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ မိုးညိုမြို့နယ်နှင့် မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ အမရပူရမြို့နယ်နှင့် မတ္တရာမြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကလောမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်၊ စုစုပေါင်းမြို့နယ်ပေါင်း ၁၀၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံး ပြီးစီးပါက မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်တာဝန်များကို ဧပြီလတွင် စတင် ထမ်းဆောင်မည်ဖြစ်ကြောင်း ယမန်နေ့ မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ် ၆၃ မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကာ ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်စုစုပေါင်း ၆၅ မြို့နယ်ရှိကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




