27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုတဲ့ရန်ကုန်မဲရုံတွေမှာ မဲပေးသူမရှိတာ ကြောင့် လော်စပီကာတွေနဲ့ မဲလာပေးကြဖို့ လိုက်လံ ခေါ်ယူမှုတွေ လုပ်ဆောင်ရ တယ်လို့ ဒေသပြည်သူ တွေနဲ့ မဲရုံတွေကို လိုက်လံစောင့်ကြည့်နေတဲ့ ကင်းထောက်လူငယ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စစ်တပ်ဂိတ်၊ ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့နယ်ရှိ တပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့လို့ သိရပါတယ်။
  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ ခရိုင်ဒု ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆူပူဆန္ဒပြမှုတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၅၀၀ ကျော်သွားပြီလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၁) မှာ ထုတ်ပြန်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆန္ဒပြသူတွေဘက်ကနေ ကြားဝင်ကူညီမ ယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို လက်တွေ့လုပ်ဆောင်လာရင် အမေရိကန် စစ်စခန်းတွေကို ပြန်လည် တိုက်ခိုက်သွားမယ်လို့ အီရန်အစိုးရက တုံ့ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article