27 C
Yangon

ထားဝယ်၊ ပုလောနှင့် ကြို့ပင်ကောက် မြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေ ယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်ရှိ KNU ၏ လယ်ဒိုစိုးမြို့နယ်ရုံးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ပုလောမြို့နယ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က မျှစ်ချဉ်စုကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယင်းနေ့တွင် ပလောမြို့အခြေစိုက် အကြမ်းဖက် စစ် တပ်၏ ခလရ ၂၈၅ တပ်ရင်းကလည်း ဒူးရင်းပင်ရှောင်ကျေးရွာနှင့် နန်းတောင်ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒူးရင်းပင်ရှောင်မှ ကျေးရွာသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် အေးရွာလေးကျေးရွာရှိ ဘုရားအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကျေးရွာအတွင်းရှိ ဘုရားအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ။ ပေါင် ၅၀၀ ဗုံးလို့ သိရတယ်။ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူတွေနေထိုင်တဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်သွားတာပါ” သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article