24 C
Yangon

မိုးကုတ်နှင့်မိုးမိတ်အစပ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

အကြမ်းဖက် စစ်တပ်က TNLA ထံမှ ပြန်လည်ရရှိထားသော မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ် ထုံးဖိုရွာ၊ ဟွေလိပ်ရွာ၊ ကုန်းမကန်းရွာတို့၏ တောင်ကြောတလျှောက် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးကုတ်မြို့၌ တပ်စွဲထား သော စစ်တပ်က လက် နက်ကြီးများဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။

“စစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်အစပ်ကို ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာနေမှာပါ။ မိုးကုတ်အရှေ့ပိုင်းကနေ လက်နက် ကြီးနဲ့ ပစ်ကူပေးနေတာ နေ့တိုင်းရှိတယ်။ ဒီနေ့တော့ လက်နက်ကြီးပစ်သံမကြားရသေးဘူး။ မနေ့က ၁၁ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေတုန်းကတော့ ဆက်တိုက်ကြားနေရတယ်။ မြို့ထဲမှာလည်း တိုက်ခိုက်ခံ နေရတော့ စခတွေ အခုချိန်အထိ ဘာမှ မလည်ပတ်နိုင်သေးပါဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုတိုက်ပွဲဖြစ်ပွားရာနေရာသည် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့နယ် အောက်မကျည်းရွာသို့ ဆက်သွယ် ထားသည့် တောင်တက်၊ တောင်ဆင်းလမ်းပိုင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် TNLA နှင့် အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲရန်၊ မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို ပြန်လည် ပေးအပ်ရန် သဘောတူညီခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က မိုးကုတ်နှင့်မိုးမိတ်ဒေသတို့သို့ ဝင်ရောက်လာခဲ့သည်။

TNLA က စစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သော မိုးကုတ်-မိုးမိတ်ဒေသကို ပြန်လည် ထိန်း ချုပ်နိုင်ရေးအတွက် အမျိုး သားညီညွတ်ရေးအစိုးရ- NUG က PDF နှင့် ပကဖ တပ်ရင်းများကို စု စည်း၍ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ကာလအတွင်း မိုးကုတ်မြို့နယ်၌ အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် အကြမ်းဖက်စကမ စစ်တပ်ကြားတို့ တိုက်ပွဲကြီး ၆ ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၃ ဦး ကို အရှင်ဖမ်ဆီးနိုင်ခဲ့ကာ စစ်တပ် ခြေကုတ်ယူထားသော ကျေးရွာ ၁ ရွာနှင့် စိုးမိုးကုန်း ၁ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ (ပကဖ) အနေဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲလျက် မိုးကုတ်မြို့နယ် နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်း ဖက်စစ်အုပ်စု၏ အုပ်ချုပ်မှု၊ ကွပ် ကဲ မှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား အထူးစစ်ဆင် ရေးများ ဖော် ဆောင်၍ အဆက်မပြတ် ထိုးနှက် တိုက် ခိုက်လျက်ရှိရာ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း NUG အစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article