စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ မြန်မာယန်စီကုမ္ပဏီတွင် အထိုင်ချတပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်မှ စ၍ ဒေသကာကွယ်ရေးတပ်များနှင့် ယန်စီကုမ္ပဏီထဲမှ အကြမ်းဖက်စစ်သားများ အပြန်အလှန်လက်နက်ကြီးနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဝါးတန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဝါးတန်းရွာက အသက် ၄၀ ကျော် အမျိုးသား သေဆုံးသွားခဲ့တာပါ။ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာ။ အဲဒီရွာက ယန်စီကုမ္ပဏီနဲ့ ပေလမ်းပဲ ခြားတဲ့ ဘေးချင်းကပ်ရက် ဝါးတန်းရွာ ဖြစ်ပါတယ်။ ဟိုတလောတုန်းကလည်း အဲဒီ ယန်စီကုမ္ပဏီက စစ်ခွေးတွေက ဘေးပတ်ဝန်းကျင်ရွာတွေကို ခေတ္တယာယီအထိုင်ချပြီးတော့ နေသွားတာတွေလည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဆားလင်းကြီးမြို့နယ်၊ မြန်မာယန်စီကုမ္ပဏီအတွင်း အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကိုလည်း ဖမ်းဆီးနှိပ်စက်စစ်ဆေးခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








