ရန်ကုန်၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့မရောက်ဘဲ အတားအဆီးများနှင့်သာ ရင်ဆိုင်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဝန်ခံညဉ်းတွား ပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော လူငယ်ဖိုရိမ်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ထိုသို့ ဝန်ခံ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိအခြေအနေတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရှေ့ကို မရောက်နိုင်ဘဲ အတား အဆီး များနှင့်သာ ရင်ဆိုင်နေကြရကြောင်း၊ လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်း တည် ဆောက် နေသည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်စ ပြုနေပြီဖြစ်သည့် အခြေခံ အဆောက်အအုံများစွာ ဆုံးရှုံးခဲ့ရကြောင်း မင်းအောင်လှိုင်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွား မဲမသမာမှုများကြောင့် စစ်တပ်က တာဝန်ယူခဲ့ရခြင်းဖြစ်ပြီး NUG နှင့် CRPH က လူငယ်လူရွယ်များကို လက်နက်ကိုင်လမ်းစဉ်ဆီသို့ တွန်းပို့ခဲ့ကြောင်း၊ လက် နက်ကိုင်လမ်းစဉ်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဘာရလဒ်မှ မထွက်ခဲ့သည်ကို သင်ခန်းစာ ယူဖို့ လိုသကဲ့သို့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်း ရှုမြင်ရန် အချိန်ကျပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံသည့ ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက ပြည်ထောင်စုအကျိုးကို ရှေးရှု၍ PDF များ အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ဖိတ်ခေါ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားကြသော်လည်း အမှန်တရားကို မျက် ကွယ်ပြုကာ ပဋိပက္ခ ဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးဆန္ဒ နည်းပါးခဲ့ပြီး မိမိအဖွဲ့အစည်း နှင့် မိမိတို့ အကျိုးကိုသာ အလေးထားခဲ့ခြင်းကြောင့် NCA လုပ်ငန်းစဉ်များ ရှေ့ရောက်သင့်သလောက် မရောက်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
တိုင်းရင်းသားအခွင့်အရေးဟုဆိုရာတွင်လည်း နေရာဒေသအလိုက် ဖက်ဒရယ်အခွင့်အရေးများ တူညီမှု မရှိသည်ကို တွေ့ရကြောင်း၊ တောင်းဆိုသည့် ဖက်ဒရယ် အခွင့်အရေးတောင်းဆိုမှုများသည် တူညီမှု မရှိကြကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ပညာတတ်အားနည်းခြင်းကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့ ကြောင့် တိုင်းရင်းသားများ ပညာရည်မြင့်မားရေး ပညာသင်ကြားရေးအတွက် အလေးထား ဆောင် ရွက်ပေးကြစေလိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှစတင်၍ အကြမ်းဖက်စစ်အာ ဏာ သိမ်းခဲ့သည့် ၅ နှစ်နီးပါးတာကာလ အတွင်း တိုင်းပြည်မတည်မငြိမ် ဖြစ်မှုမှာ တိုင်းရင်းသားလက် နက်ကိုင်များ၊ NUG ၊ CRPH နှင့် NLD ပါတီကို အဓိက အပြစ်ဖို့ ဝေဖန်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်တပ်ကသာ တိုင်းပြည်ကို ကာကွယ်နေသည်ဟု အမြဲလိုလို ဝါဒဖြန့် ပြောဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




