ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်း စေမှုစနစ်က အရပ်သားအစိုးရရဲ့ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်မှာ ရှိမနေဘူးလို့ အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့ ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့တယ်ဆိုတာကို နိုင်ငံတကာ သတင်းဌာနတချို့က ရေး သား ဖော်ပြထားပါတယ်။
- ကိုဗစ် – ၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု ကျဆင်းလာပြီး မြန်မာ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လေးပုံတစ်ပုံ ဟာ ၂၀၁၉ ခုနှစ်ကကထက် ပိုမိုဆင်းရဲလာတယ်လို့ ကမ္ဘာဘဏ်ထုတ်ပြန်လိုက်ပါတယ်။
- ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်က G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၈၄ ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
- အီရန်အစိုးရက ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်း နေတာကြောင့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ အစည်းအဝေးအားလုံး ကို ဖျက်သိမ်းလိုက်ပြီး၊ ဆန္ဒပြသူတွေအနေနဲ့ “အစိုးရဌာနတွေကို သိမ်းပိုက်ကြဖို့” တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




