ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲဟာ တန်းတူညီမျှမှု မရှိဘူးဆိုပြီး ဝေဖန်ပြောဆိုမှုနဲ့ PPP ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ကို စစ်တပ်ကပဲ ယမန်နေ့ညပိုင်းမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ PPP ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့အာဏာကို မတရားလုယူသိမ်းပိုက်ပြီး လူငယ်တွေလူရွယ်တွေကိုပါ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ထဲ တွန်းပို့လိုက်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ကပဲ NUG နဲ့ CRPH ဟာ လူငယ်လူရွယ်တွေကို လက်နက်ကိုင်လမ်းစဉ်ထဲ တွန်းပို့ခဲ့မှုကြောင့် ငြိမ်းချမ်းရေးက ရှေ့မရောက်ဘဲ အတားအဆီးဖြစ်နေတယ်ဆိုပြီး တဖန်ပြန်လည် ပြောဆိုလာပြန်ပါတယ်။
- ပဲခူးတိုင်းက ရန်ကုန်-ပြည်လမ်းမပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းတွေနဲ့ ကင်စခန်းတွေဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံရပြီးနောက် စစ်တပ်က အဲ့ဒီ့လမ်းပိုင်းတွေကို ညအချိန် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ဖို့ လုပ်နေပြန်တဲ့အပြင် ၊မသ်ကာတဲ့ကားတွေဆို ပစ်မိန့်ပေးပြီးတော့ပါ လုံခြုံရေးတွေ အထူးတင်းကြပ်ထားပြန်တယ်လို့လည်း စစ်တပ်သတင်းရင်းမြစ်က ပြောထားပါတယ်။
- အမေရိကန်သမ္မတထရမ့်ကို ” ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားအမြတ်ထုတ်သူတွေ အတွက် ကာကွယ်ပေးသူ” ဆိုပြီး အော် ဟစ်ခဲ့တဲ့ Ford ကားစက်ရုံ အလုပ်သမားကို အလုပ်ကနေ ဆိုင်းငံ့ လိုက်သလို ၊ သမ္မတထရမ့်ကလည်း လက်ခလယ်ထောင်ပြီး အလုပ်သမားကို တုံ့ပြန်ခဲ့တဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




