25 C
Yangon

ချောင်းဦးနှင့် ဘုတလင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော အမှတ် ၇ စာသင်ကျောင်းကို ၂ ရက်ဆက်တိုက် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းနှင့် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတို့တွင် ချောင်းဦးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော အမှတ် ၇ စာသင်ကျောင်းကို ၂ ရက်ဆက်တိုက် တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ စက်တပ်လေထီး ၊ gyrocopter ၊ ပွိုင့်ဖိုက် ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်းရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

“ခွေးကင်းပုန်းကပ်ကျတယ်လို့တော့သိရတယ်။ စစ်ခွေးသေတာကတော့ ခန့်မှန်းခြေ ၂ကောင်သေတယ်။ ခွေးနားကပ်ကြတယ်လို့ ပြန်လွတ်လာတဲ့သူကပြောပါတယ်။ ချောင်းဦးမြို့ပေါ်ရှိ အမှတ် ၇ စာသင်ကျောင်း တပ်စွဲပြီး အမှတ် ၇ စာသင်ကျောင်းမှာ မဲရုံလုပ်နေတာကို ၂ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာ စစ်ခွေး အင်အားက ၂၀၀ လောက်ရှိပါတယ်”ဟု BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ – ၃) မှ ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်ကြသော မုံရွာခရိုင်တပ်ရင်း ၄ – ခွဲ (၂) ၊ မုံရွာခရိုင်ပကဖ (ရေနဂါး) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော နေရာများကို ရော့ကတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း People’s Defense & Revolution Force မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘုတလင်မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးနှင့် စစ်တပ်ပ မဲရုံအဖြစ် အသုံးပြုနေတဲ့ ခုံမင်းကြီး ကျောင်းတိုက်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဦ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“၁၁ ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ ၂၅၀ ဝန်းကျင်ရှိတယ်။ ထွေ/အုပ်ရုံး ထဲမှာရယ် ရဲစခန်းရယ် ခုံမင်းကြီးကျောင်းမှာပိုပြီးအင်အားများတယ်။ စစ်ခွေးသေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ဘက်က ပစ်လိုက်တာရဲစခန်းနားကျတယ်။ အဲ့နားမှာ ကင်းပုန်းဝပ်နေတဲ့ ခွေးတွေတော့ ထိတယ် ခန့်မှန်းကင်းပုန်းဆိုတော့ ခန့်မှန်း ၅ ကောင်လောက်တော့ အထိခိုက်ရှိမယ်။ အကျဆုံးသတင်းတော့အတည်မပြုနိုင်ဘူး” ဟု People’s Defense & Revolution Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Defense & Revolution Force ၊ ချိုမိုင်မိုင်(ကနီ) ၊ students Armed Force(SAF)၊ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းတို့က ပူးပေါင်းလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article