25 C
Yangon

စစ်ကိုင်း၊ ပေါက်တောစစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး ၊ ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၄ – Acid (စစ်ကြောင်း) က သတင်းထုတ်ပြန် သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ အကြမ်း ဖက်စစ်တပ် ဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဂိတ်ကို စီးနင်းတိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကိုင်းမြို့ဘက်မှ အိမ်စီးကား ၄ စီး၊ 4 Wheel ကား ၁ စီးတို့ဖြင့် စစ်ကူရောက်ရှိလာခဲ့ကြောင်း၊ ယင်းကားများအနက် အိမ်စီးကား ၂ စီးကို ဖြတ်တောက်နိုင်ခဲ့သော်လည်း လက်နက်အင်အား၊ ကျည်အင်အားလုံလောက်ခြင်းမရှိသော ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဌာနကွပ်ကဲရေး ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၄ -Acid (စစ်ကြောင်း) ၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကြား တပ်ဖွဲ့ ၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊ GUN STAR ပြောက်ကြား တပ်ဖွဲ့ နှင့် နယ်မြေခံ ပ.က.ဖ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်သားများကို တင်ဆောင်၍ စစ်ကိုင်းဘက်သို့ ပြန်လာ သည့် ကား ၁ စီးမှာလည်း ကြက်ထောင့်ကျေးရွာအနီးအရောက် လမ်းကြိတ်စက်နှင့် ဝင်တိုက်ကာ စစ်သား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article