ရန်ကုန်၊ ဇန်နဝါရီ ၂၁
မကွေးတိုင်း၊ မင်းဘူးမြို့နယ်နှင့် အထက်မင်းလှမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီအပြည့်အဝ ထိန်း ချုပ်ထားသော ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးပြီး စကစ ထုတ်ကုန်များ မရောင်းချရေး ပညာပေးဆွေးနွေးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံကိုဘဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့က သွေးစွန်းငွေဖြတ်တောက်ရေးအဖြစ် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ် ထားသော မင်းဘူးမြို့နယ် မကျီးသုံးပင် ၊ ရေပေါ်ကြီး ၊ရေပေါ်လေး ၊ချောင်းဖြူ ၊ သီးကုန်း၊ ကျွန်းပြား ၊ ဓာတ်ကုန်း ၊ ကန်သာယာ(ခရုကန်) ကျေးရွာများနှင့် အထက်မင်းလှမြို့နယ် ကျောက်ပုံ၊နွားလဲ၊ ၀က် မြေကန်၊ နဂါးအိုင် ၊ အိုးဘိုကုန်း၊ ရေပေါ် ၊ စစ္စနို့ ၊ တောင်ဦး ၊ ပြည်စိုး ၊ရွာသာလှ ကျေးရွာများ အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ စစ်ကောင်စီ ထုတ်ကုန်များအနက်မှ အရက်ဘီယာနှင့် ဆေးလိပ်အများစု ၊ ဘိလပ်မြေ အချို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေတွေ့ရှိသော်လည်း ပြည်သူလူထု နစ်နာမှု မဖြစ်စေရန် ပညာပေးကာလ ၁ လ သတ်မှတ် ပေးထားလိုက်ပြီး လက်ကျန်ကုန်ပစ္စည်များကို ၁ လအတွင်း ရောင်းချသုံးစွဲကြရန်နှင့် ထိုသို့ ရောင်းချ သုံးစွဲပြီးသည်နှင့် စစ်ကောင်စီ ထုတ်ကုန်များအား ထပ်မံ ရောင်းချ၊ သုံးစွဲခြင်း မပြုကြရန် ပညာပေး စည်းရုံးခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာများသည် အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ ထိန်းချုပ်ထားသည့် ကျေးရွာများ ဖြစ် ပြီး PDF ရဲဘော်များကို မျက်ဝါးထင်ထင်တွေ့မြင်ရသသောကြောင့် ဝမ်းပန်းတသာကြိုဆိုသူများရှိသ လို တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သူများရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကလည်း ပြည် သူလူထုကို မိဘသဖွယ်သဘောထားကာ စနစ်တကျ မိတ်ဆက်ခြင်း၊ သိရှိလိုသည်များကို ဖြေကြား ခြင်းနှင့် အားပေးစကားပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံ ကိုဘဟိန်းက ရှင်းပြသည်။
ယခုအခါ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများက သတင်းပေးကာ ဖုန်းဆက်ခေါ် ဆိုမှုများကြောင့် အဆိုပါ ကျေးရွာများအတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လာကာ မွှေနှောက်နေခြင်းကြောင်း သိရသည်။
“ကျနော်တို့ ပြန်လာပြီးနောက် စစ်ကြောင်းတွေထိုးလာတာရှိတယ်။ မင်းလှဘက်ကတော့ ကပစ ၂ နဲ့ ကပစ ၁၀ ပူးပေါင်းပြီးတော့ ပူးပေါင်းစစ်ကြောင်းဖြစ်ပါတယ်။ မင်းဘူးဘက်ကလာတဲ့ စစ်ကြောင်း တွေကတော့ ရှိသမျှမြို့ပေါ်ရှိတဲ့တပ်နဲ့ မကွေးဘက်ကတပ်တွေရောပါပါတယ်။ ဘယ်တပ်လို့တော့ ပြောဖို့ အရမ်းခက်ခဲတယ်။ သူတို့က ပေါင်းစုပြီးမှ ထိုးလာတဲ့စစ်ကြောင်းပါ။ သူတို့ရဲ့အမာခံနယ်မြေ ဆိုတော့ ကာကွယ်ဖို့ အပြေးအလွှားပေးလာတဲ့သဘောပါ။” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံကိုဘဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




