ရန်ကုန်၊ ဇန်နဝါရီ ၂၆
ယမန်နှစ်အတွင်း လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က သူ့စိတ်ကြိုက် ဒီဇိုင်းဆွဲ ပြင်ဆင်ခဲ့ပြီး ပြီးစီးသလောက်ရှိလာနေပြီဖြစ် ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်း ပြင်းအား ၇ ဒသမ ၇ အဆင့် ဖြင့် လှုပ်ရှားခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် အစည်း အဝေးခန်းမဆောင်အစိတ်အပိုင်း အပါအဝင် သမ္မတအိမ်တော်၏ နေရာအများအပြား အက် ကွဲခြင်း၊ အတွင်းပိုင်း ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသို့ ပျက်စီးမှုများအတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ခြင်း၊ အဆောင်သစ်များ တိုးချဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခု ၁၀ လနီးပါး ကြာမြင့်လာချိန်တွင် နိုင်ငံတော်သမ္မတအိမ်တော် ပြင်ဆင်ခြင်းနှင့် အဆောင်သစ်များ တိုးချဲ့ခြင်းများမှာ ပြီးစီးလုနီးပါး ဖြစ်လာပြီဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံတော်သမ္မတအိမ်တော်မှာ ငလျင်ကြောင့် ပျက်စီးသွားတာတွေအပြင် တပ်ချုပ်ကြီးက သူလိုချင်တဲ့ ဒီဇိုင်း၊ အဆောင်သစ်တွေ ထပ်တိုးချဲ့တယ်။ အခုတော့ အဆောင်သစ်တွေရော အရင် ငလျင်ကြောင့် ပျက်စီးတာတွေရော အကုန် ပြီးစီးနေပြီ။ အချောသတ်တချို့ ကျန်သေးတယ်။ သူ့စိတ်ကြိုက် ပြင်ဆင်တာ။ သူကိုယ်တိုင် ဒီဇိုင်းတွေ ဝင်ဆွဲတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နိုင်ငံတော်သမ္မတအိမ်တော် ပြင်ဆင်ရာတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့နှင့်အတူ သားဖြစ်သူ အောင်ပြည့်စုံ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာများလည်း အတူပါဝင်ကြောင်း၊ သမ္မတအိမ်တော်အတွက် လိုအပ်သော ပစ္စည်းများကို လေယာဉ်ဖြင့် ပြည်ပမှ တိုက်ရိုက် သွားရောက်သယ်ယူပြီး ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံး၊ သမ္မတအိမ်တော်၊ ဝန်ကြီးဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများစွာ ပြိုကျပျက်စီးခဲ့ရပြီး နိုင်ငံတော်သမ္မတအိမ်တော်တစ်ခုတည်းကိုသာ မင်းအောင်လှိုင်က သူကိုယ်တိုင်ဦးစီး စိတ်ကြိုက်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – Aung Shine Oo / Associated Press ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




