32 C
Yangon

ဆားလင်းကြီးနှင့် အထက်မင်းလှမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် တာဝတိံသာဘုန်းကြီး ကျောင်းတို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်း ဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် တာဝတိံသာဘုန်းကြီးကျောင်းတို့ကို လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။

“ကျွန်တော် မနေ့က နံနက်ပိုင်း ၁၁ နာရီလောက်ကစပြီး မွန်းလွဲ ၃နာရီ အထိကို ဆားလင်းကြီးမြိုပေါ်မှာ စစ်ခွေးတွေ အထိုင်ချ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီး ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ ၁၆၀ လောက်ရှိမယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ဆားလင်းကြီးမြို့ပေါ်မှာတော့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။ လုပ်တာက ယန်စီဘက်မှာလုပ်တာပါ။ ရွေးကောက်ပွဲ လုပ်တဲ့နေ့မို့လို့ ဆားလင်းကြီးမြို့ပေါ်ကို တက်ရောက်ပြီး တိုက်ခိုက်တဲ့သဘောပါ “ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို S.R.Aရဲဘော်များ ဆားလင်းကြီး ပ.လ.ဖ ၊ မျိုးဆက်သစ်လူငယ်-S.P.D.F ၊ (ဆားလင်းကြီး) ချင်းတွင်းဒိုင်းနမိုက်၊ SOLO အောင်ကြီး-C.D.Fချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ တိုက်နယ်ပ.က.ဖ ၊ (ဆားလင်းကြီး) မဟာမိတ်ရဲဘော်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိသည်။

အလားတူ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အထက်မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာ အတွင်း၌ လူထုစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသော ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်ဖွဲ့မှ ရဲဘော်များကို စစ္စနို့ကျေးရွာမြောက်ဘက် လမ်းဆုံဂိတ်မှ အကြမ်းဖက် စစ်သား ၂၀ ကျော်က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ တိုက်ပွဲ ၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုး မရှိသေးပါဘူး။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး ကောက်လို့မရလို့ မကောက်ခဲ့ရပါဘူး။ လက်ရှိအချိန်မှာ နောက်တိုး အင်အားတွေနဲ့ စစ္စနို့ကျေးရွာအတွင်းမှာ စစ်ခွေး စစ်ကြောင်းရှိနေပါတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် အင်အား ထပ်မံဖြည့်တင်း၍ စစ္စနို့ကျေးရွာအတွင်း၌ မွှေနှောက် သောင်းကျန်းနေပြီး လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်နေကြောင်း၊ အဆိုပါ ကျေးရွာသည် ပြီးခဲ့တဲ့ရက်ပိုင်းထိ စစ်အုပ်စု ယန္တရား ၁၀၀ လည်ပက်နေသော ကျေးရွာများ ဖြစ်ပြီး စစ်အုပ်စုကို အားပေးထောက်ခံသူများပြားသော ဒေသဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article