32 C
Yangon

နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာမှ သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာနေ သားအဖ ၂ ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ထားခဲ့ကြောင်း နတ် မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီ ခန့်အချိန် နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော စခန်းမှ စစ်သား ၄၀ ခန့်သည် စမ်းကုန်းကျေးရွာသို့ ဝင်ရောက် လာပြီး အသက် ၅၃ နှစ် အရွယ် ဦးစံမောင်နှင့် အသက် ၂၁ နှစ်အရွယ် မောင်နိုင်လင်းမောင်တို့ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ ရုပ်အလောင်းများကို တဲပေါ်တင်၍ မီးရှို့ထားခဲ့ကြောင်း သိရသည်။

“သူတို့က ရွာတောင်ဘက်မှာ အဖမ်းခံလိုက်ရတာ၊ ရွာထဲဝင်တော့ ရွာထဲလူတွေကတော့ ရှောင်ကြ တယ်။ သူတို့သားအဖက စမ်းကုန်းရွာတောင်ဘက်မှာ ဖမ်းပြီးတော့ ရွာအနောက်ဘက်က ထန်းတော ထဲကို ခေါ်သွားတာ၊ ရွာအနောက်ဘက်မှာက သူ့ထန်းတောရှိတယ်။ သူ့ ထန်းတောပိုင်ရှင်။ သူ့ထန်း တောထဲက ထန်းလျက်ဖို ကိုခေါ်သွားတယ်။ ပြီးတော့ တဲပေါ်တင် သေနတ်နဲ့ပစ်သတ်ပြီး မီးရှို့သွား တာပါ။ ဖမ်းခံလိုက်ရတာက မနက် ၁၁ နာရီလောက်ဖမ်းခံလိုက်ရတာ၊ မီးရှို့သတ်သွားတာက ညနေ ၃ နာရီခွဲလောက်ပါ။” ဟု နတ်မောက်မြို့ နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ သားအဖနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ယင်းအကြမ်းဖက်စစ်တပ်မှ စစ်သားတချို့ကို စမ်းကုန်းကျေးရွာအနီး ကင်းပုန်းချခဲ့ပြီး ကျန်စစ်သားများမှာ ရွာမွန်ကျေးရွာ စစ်တပ်စခန်းအတွင်း သို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

“ဘာတိုက်ပွဲမှလည်း မရှိဘူး။ ဒီအတိုင်းဝင်လာပြီး ဖမ်းသတ်သွားတာ၊ တခြား ပြည်သူတွေကတော့ ရှောင်လိုက်လို့ လွတ်သွားတယ်။ စစ်ကြောင်းတဝက်လောက်ကတော့ ရွာမွန်ထဲကို ပြန်ဝင်သွားပြီး တော့ ကျန်တဲ့ တစ်ဝက်ကတော့ စမ်းကုန်းရွာအနီးမှာ ကင်းပုန်းဝပ်နေတယ်ဆိုပြီး သတင်းရထား တယ်။ လက်ရှိရွာသားတွေက ပြန်ဝင်လို့မရသေးဘူး။ ရှောင်နေကြရတုန်းပဲ။ အလောင်းအကြွင်း အကျန်တွေကိုတော့ ကျနော်တို့ ရဲဘော်တွေက မနေ့တုန်းက သွားရှင်းတယ်။ ကင်းပုန်းကလည်း ရှိနေသေးတော့ သတိထားပြီး သွားရှင်းနေရတာမို့ အခုချိန်လောက်ဆိုရင်တော့ ရှင်းပြီးလောက်ပါပြီ။ မိဘပြည်သူတွေအနေနဲ့ စစ်ကြောင်းထိုးလာပြီဆိုရင် တတ်နိုင်သလောက် စစ်ကြောင်းအနီးကပ်မှာ မနေဖို့ တိုက်တွန်းချင်တယ်။ စစ်ကြောင်းဝင်လာပြီဆိုရင် ရှောင်နေကြဖို့ တိုက်တွန်းချင်တယ်။” ဟု နတ်မောက်မြို့နယ်ကပဖ တာဝန်ခံ ကိုအဆိပ်သီးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article