ရန်ကုန်၊ ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိကာ ရွေးကောက်ပွဲလည်း ပျက်ပြယ်သွားကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖားကန့်မြို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က အတုအ ယောင် ရွေးကောက်ပွဲ မဲရုံများကို စစ်တပ်တပ်စွဲထားရာ နေရာများဖြစ်သည့် ဖားကန့် တပ်မကုန်း၊ ရခိုင်ကုန်း၊ ဖားကန့်မြို့မရဲစခန်း၊ အထကကျောင်းစသည့်နေရာများတွင် စီစဉ်ခဲ့သော်လည်း တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုအကြောင့် အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီနေရာယူထားတဲ့ ဖားကန့်တပ်မကုန်း၊ ရခိုင် ကုန်းအဲဒီ နေရာတွေကနေ ဖားကန့် ပတ် ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ထုတော့ တော်လှန်ရေး တပ်ဖွဲ့တွေက လည်း ဖားကန့်တပ်မကုန်းတို့ ဖားကန့်ရဲစခန်းတဝိုက်နေရာတွေကို ပြန်လည်ပစ်ခတ် တော့ ၂၄ ရက်နေ့ ညကနေ လက်နက်ကြီးသံ တညံညံပဲ။ အဲဒါကြောင့်ဖားကန့်ပြည်သူတွေက အပြင် ကိုဘယ်သူမှ မ ထွက်ကြဘူး။ အိမ်တံခါးပိတ် နေကြ တာ။ တမြို့လုံးလည်း လက်နက်ကြီးသံ၊ သေနတ် သံဆူညံနေ တာပဲ။ အဲဒီလိုဆိုတော့ သူတို့ ရွေးကောက်ပွဲကို မဲပေးတဲ့သူကလည်း တစ်ယောက်မှ မရှိဘူး။ ဖားကန့် ပြည်သူ တွေက တစ်ယောက် မှ မဲမပေးဘူးဆိုတော့ ရွေးကောက်ပွဲက ပျက်သလောက်ပဲ” ဟု ဖားကန့်ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယမန်နေ့ ဖားကန့်မြို့ပေါ် ရွေးကောက်ပွဲ မဖြစ်ခဲ့သော်လည်း စစ်တပ်က ၎င်းတို့ ထိန်းချုပ်သည့် မြို့ပေါ်ရပ်ကွက်တချို့တွင် ဟန်ပြသဘောမျိုး မဲထည့်ခိုင်းကာ ဓာတ်ပုံရိုက်ယူသွားကြောင်း သိရှိရသည်။
“အဓိကကတော့ ဖား ကန့်ရွေး ကောက်ပွဲပျက်တယ်။ သူတို့ဘာသာသူတို့ ဖားကန့်မြို့နယ်ထဲမှာပါတဲ့ နန့်ယား၊ ကာမိုင်းဆို တဲ့ မြို့ပေါ်ရပ်ကွက်လေးတွေမှာ လုပ်တာရှိနိုင်တယ်၊ မြို့မရပ်ကွက်ပြီးရင် တုစုဝါးရွာတို့မှာ ဟန်ပြ တော့လုပ်မယ့်သဘောရှိပါတယ်။ ဖားကန့်မြို့ပေါ်ရွေးကောက်ပွဲကတော့ လုံးဝပွဲပျက်သွားပါတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖားကန့်မြို့အနီးပတ်ဝန်းကျင်ရှိ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ တွင် ပြည်သူ ၂ ဦး၊ တောင်ပြူရွာတွင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဖားကန့်မြို့ တွင်းရှိ မဲရုံတစ်ရုံအနီးတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်လို့ တောင်ပြူရွာမှာ ၂ ဦးဒဏ်ရာရတယ်။ ပြီး ရင် ဆိုင်းတောင်ရပ်ကွက် ၃ မှာလည်း ပြည်သူ ၂ ဦး ဒဏ်ရာရတယ်။ ပြီးရင်ဖားကန့်မဲရုံနားမှာလည်း လက်နက်ကြီးကျ၊ ကလပ်ကုန်းမှာလည်း လက်နက်ကြီးကျလို့ ပြည်သူတွေ ထိခိုက်တာ ၅ ယောက် လောက်ရှိတယ်။ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးတွေ ပစ်၊ ပြီးရင်သူတို့က သေနတ်တွေ ဖောက်တော့ ပြည်သူတွေက ဘယ်သူမှ မဲရုံထဲမသွားရဲဘူး။ ပြီးရင် ဖားကန့်ပြည်သူတွေကလည်း မဲ ပေးဖို့ တစ်ယောက်မှ စိတ်မဝင်စားဘူး။ ပြီးတော့ ဖားကန့်ပြည်သူတွေက ဒီစစ်ကောင်စီကို လုံးဝမ ထောက်ခံဘူး။ ပါဝင်ပူးပေါင်းခြင်းလည်း မရှိဘူး။” ဟု ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက် ညပိုင်းမှစ၍ အကြမ်းဖက်စစ်ကော်မရှင်ကဖားကန့်မြို့အဝင်အထွက်ကို ပန်းတင် တံတားမှ ပိတ်ချလိုက်ကြောင်း၊ အလားတူ ဖာကန့်မြို့ ၄ ရပ်ကွက်ကိုလည်း အပိုင်း ၂ ပိုင်းဖြစ်သွားစေ ရန် ဖားကန့်မြို့တွင်းရှိ ကျောက်စိမ်းတောင်တံတားမှ ပိတ်ချလိုက်ကြောင်း သိရသည်။
“ဇန်နဝါရီ ၂၃ ရက်နေ့ကနေ စစ်ကောင်စီက ဖားကန့်မြို့ကို ပိတ်ချလိုက်တာ၊ ဖားကန့်မြို့အဝင် ပန်း တင်တံတားရယ်၊ ဖားကန့်မြို့လယ်က ကျောက်စိမ်းတောင်တံတားပေါ့၊ အဲဒါကို ပိတ်လိုက်ပြီး တော့ ဖားကန့်မြို့ကို နှစ်ခြမ်းခြမ်းပြီး ပြည်သူတွေကို ခြံခတ်ထားတယ်။ လူသားဒိုင်း လုပ်ပြီးတော့ ရွေး ကောက်ပွဲလုပ်ဖို့ လုပ်တယ်။ ဖားကန့်မြို့ပေါ်က မော်ဝမ်း၊ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ အဲဒီ ၄ ရပ်ကွက်ကို အကုန်လုံးပိတ်ချလိုက်တာ၊ ပြည်သူတွေ အပြင်လုံးဝထွက်လို့မရအောင် ပိတ်ချ၊ လူ သား ဒိုင်းလုပ်ပြီး ရွေးကောက်ပွဲလုပ်ဖို့ လုပ်တာ။ ဒါပေမယ့် သူတို့ ရွေးကောက်ပွဲလုပ်ဖို့ လုပ်တယ် ဆို ပေမယ့်လည်း ဖားကန့်မြို့မှာ မဲစာရင်းကပ်တာ၊ မဲကြေညာတာ၊ မဲစာရင်းစစ်တာ မရှိဘူး။ ပြီးရင် ဖား ကန့် ကနေဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း မဲဆွယ်တာတွေ တစ်ယောက်မှ မလုပ်ပါဘူး။ သူတို့ကတရားမဝင်ရွေးကောက်ပွဲလုပ်ဖို့ လုပ်တာ” ဟု ဖားကန့်သတင်း ရင်းမြစ်က ရှင်းပြသည်။
ထိုသို့ ပိတ်ဆို့ကာ ဖားကန့်မြို့ပေါ်ရပ်ကွက်များဖြစ်သော မော်ဝမ်းရပ်ကွက်၊ ငှက်ပျောတော ရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် မြို့မရပ်ကွက် ၄ ရပ်ကွင်တို့တွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် ရွေးကောက်ပွဲပျက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့တွင် နယ်မြေစိုးမိုးမှုရယူပြီး အတုအယောင်ရွေးကောက်ပွဲလုပ်ရန်အတွက် ၂၀၂၅ ခုနှစ် မေလနှောင်းပိုင်းမှ စတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၃၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




