32 C
Yangon

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဗုံး ၃ လုံးမှာ ပေါက်ကွဲမှုမရှိဘဲ အကြမ်းဖက် စစ်တပ်က ပြန်လည် ဖောက်ခွဲလိုက်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင်လည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် ရဲစခန်း အနောက်ဘက် ခြံစည်းရိုးအနီးတွင်လည်း ဗုံး ၁ လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“အုတ်တွင်းမြို့နယ် ညောင်ခြေထောက် ရဲစခန်း အနောက်ဘက် ခြံစည်းရိုးအနီးမှာ ၂၅ ရက်နေ့ နံနက် ၈ နာရီလောက်မှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်။ နောက်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးမှာ ကင်းပုံး ဝပ်နေတဲ့ စစ်ခွေးတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ၂၄ ရက်နေ့ ည ၉ နာရီလောက်မှာ ဗုံး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ၁ လုံးပဲပေါက်ကွဲတယ်။ ၃ လုံးတော့ မကွဲဘူး။ အဲလိုမပေါက်ကွဲတဲ့ ဗုံး ၃ လုံးကို စစ်ခွေးတွေက ပြန်လည် ဖောက်ခွဲလိုက်တယ်လို့ သိရတယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အုတ်တွင်းမြို့နယ်အတွင်း တင်းကုပ်တန်း ကျေးအုပ်စုသည် မဲမပေးရသည့် ရွာများထဲတွင် ပါဝင်ပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ပြည်သူများကလည်း စိုးရိမ်နေကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းကို အသုံးပြုနေသော ပြည်သူများအနေဖြင့် လမ်းပိုင်းအခြေအနေကို သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article