မြန်မာစစ်တပ်၏ ရွေးကောက်ပွဲရလဒ်အပေါ် အာဆီယံ၏သဘောထား အဖြေမထွက်သေး
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) အကောင်အထည်ဖော်နိုင်ရေးအတွက် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး Sugiono အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို တံခါးပိတ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အာဆီယံပြောရေးဆိုခွင့်ရှိသူ Xavier M Imperial က “ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ရဲ့ မူဘောင်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာ့ရွေးကောက်ပွဲနှင့် အာဆီယံ၏ သဘောထားမှာလည်း အဖြေမထွက်သေးဘဲ ရွေးကောက်ပွဲ ရလဒ်များကို အာဆီယံအနေဖြင့် အသိအမှတ်ပြုမည်လောဟူသည့် မေးခွန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။
“အဲဒီကိစ္စက ဆွေးနွေးနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အခုထက်ထိတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ဒီအချိန်မှာ အတည်ပြုပြောကြားဖို့ ခက်ခဲပါတယ်”ဟု အာဆီယံပြောရေးဆိုခွင့်ရှိသူ Xavier M Imperial က ပြောဆိုသည်။
ဖိလစ်ပိုင်ပြုလုပ်နေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်တပ်ဘက်မှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်နေသော်လည်း ၎င်း၏ အမည်နှင့် ရာထူးကိုမူ အာဆီယံဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




