ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးမြိုနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ချုပ်တစ်ဦးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက်စုံစမ်းနေတယ်လို Brave Warriors for Myanmar (BWM) အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲအနိုင်ရရှိတယ်လိုကြေညာမှု အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်တွေအဖွဲ-APHR က တရားမဝင်ရလဒ်အဖြစ် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
- ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့လူငယ်တွေ ပြည်တွင်းကို ပြန်လာ အလုပ်လုပ်ကို င်ဖို လိုအပ်တယ်လို ကြံ့ဖွတ်ဥက္ကဋ္ဌခင်ရီက ပြောပါတယ်။ သူရဲ့ လူမှုကွန်ရက်ကနေတဆင့် မေးခွန်း တွေကို ပြန်လည်ဖြေကြားတဲ့အစီအစဉ်မှာ ကြံ့ဖွတ်ခင်ရီက ပြောဆိုလိုက်တာဖြစ်ပါတယ်။
- ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၁၁၀ အထိ စံချိန်တင် မြင့်တက်သွားတယ်လို ရန်ကုန်အခြေစိုက်ရွှေကုန်သည်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို စစ်ရေးအရေးယူနိုင်ကြောင်း ထပ်မံခြိမ်းခြောက် ပြောဆိုလိုက်ပြီးနာရီအနည်းငယ်အကြာမှာပဲ အီရန်နိုင်ငံက ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ချက်ချင်းနဲ့ ပြင်းထန်စွာပြန်လည်တုံပြန်ရန် အဆင်သင့်ရှိနေတယ်လို ထုတ်ဖော်ပြောကြားလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




