31 C
Yangon

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီမိသားစုဝင် ၁၁ ဦးကို တရုတ်အစိုးရက သေဒဏ်စီရင် ကွပ်မျက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့ စစ်ခေါင်း ဆောင် မြီမိသားစုဝင် ၁၁ ဦးကို အွန်လိုင်းကျားဖြန့် လိမ်လည်မှု၊ လူသတ်မှုများအပါအဝင် ရာဇဝတ်မှုများဖြင့် တရုတ်အစိုးရက ယနေ့ သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာများက ကြေညာထုတ်ပြန်သည်။ ။

တရုတ်နိုင်ငံရှိ တရားရုံးက မြီမိသားစုဝင်များအား လူသတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်မှု စသည့် ပြစ်မှုများဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အပြစ်ရှိကြောင်း စီရင်ချက်ချပြီး သေဒဏ် အပြစ်ပေးခဲ့ပြီးနောက် ၄ လအကြာတွင် သေဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။

မြီမိသားစုသည် တရုတ်–မြန်မာ နယ်စပ်အနီးရှိ လောက်ကိုင်မြို့ကို အုပ်ချုပ်ထိန်းချုပ်ခဲ့သည့် မိသားစုဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး၊ အစောပိုင်းက ဆင်းရဲနွမ်းပါးသည့် နယ်စပ်မြို့ငယ်တစ်မြို့ဖြစ်ခဲ့သော လောက်ကိုင်ကို ကာစီနိုများ၊ လောင်းကစား၀ိုင်းများဖြင့် ရာဇဝတ်မှုများ ပြည့်နှက်သည့် မြို့အဖြစ် ပြောင်းလဲခဲ့ကြသူများဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် တရုတ်အစိုးရ၏ ဖိအားကြောင့် မြန်မာစစ်တပ်က မြီမိသားစုဝင်များကို ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ၎င်းတို့၏ လိမ်လည်မှုနှင့် လောင်းကစားအင်ပါယာမှာ အဆုံးသတ်သွားခဲ့သည်။

တရားရုံး၏ ထုတ်ပြန်ချက်အရ မြီမိသားစုသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လိမ်လည်မှုလုပ်ငန်းများနှင့် လောင်းကစားစခန်းများမှ ယွမ်ငွေ ၁၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့်) ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

ထိုပြစ်မှုများကြောင့် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ Zhejiang ပြည်နယ်ရှိ တရာရုံးက မြီရှောက်ချန်း၏ မိသားစုဝင်များကို ပထမဆုံးအကြိမ် အဖြစ် စီရင်ချက်များ ချမှတ်လိုက်ခြင်းဖြစ်ပြီး မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ မြေးမလေး Ming Zhenzhen(သီရိမောင်)၊ ဝေကော်ချန်း Zhou Weichang ၊ ဝူဟုန်မင် Wu Hongming ၊ ဝူစိန်လုံ Wu Senlong ၊ ဖုယွီပင်း Fu Yubin အပါအဝင် ၁၁ ဦး တို့ကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကျိန့်ရှီ Yang Zhengxi၊ ဖုချိန်ဇစ် Fu Chengzhi အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ကြောင်း၊ လော်ကျန်းကျမ်း Luo Jianzhang ၊ ချိုးဇစ် Qiu Zhi အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်လိုက်ကြောင်း၊ ပိဟွေ့ကျွင်း Bi Huijun ၊ ကျန်းကျိ Jiang Ji အပါအဝင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ထောင်ဒဏ် အသီးသီးကိုလည်းကောင်း ၊ငွေဒဏ် ၊ ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း ၊ ပြည်နှင်ဒဏ်ပေးခြင်း ပြစ်ဒဏ်များကိုလည်း ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကျားဖြန့် ငွေလိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသော မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ သမီး Ming Julan (Myin Shut Lan) နှင့် မြေးမလေး Ming Zhenzhen (မသီရီမောင်) တို့ကို တရုတ်အာဏာပိုင်များထံသို့ မြန်မာစစ်တပ်က ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ Ming Guoping ( အသက် ၄၃)နှစ်သည် မြန်မာစစ်တပ်၏ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းတို့ကို အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက်တင်ခဲ့ပြီး ၁၀ လနီးပါးအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သော မြီရှောက်ချန်းမှာမူ တရုတ်က ဖမ်း၀ရမ်းထုတ်ချိန်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး မြီရှောက်ချန်းသည် ကြံ့ဖွတ်ပါတီ၏ ကိုးကန့်ဒေသ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့သူလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article