ရန်ကုန်၊ ဇန်နဝါရီ ၃၀
မကွေးတိုင်း၊ မင်းဘူးမြို့နယ် မုန်တောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ချိန် ရဲနှင့် စစ်သား အားလုံး ထွက်ပြေးသွား၍ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မင်းဘူးမြို့နယ် အနောက်ပိုင်းရှိ မုန်တောင်ရဲစခန်းကို မကွေးတိုင်း စစ်ဌာနလက်အောက်ရှိ မင်းဘူးခရိုင် စစ်ဌာန ကွပ်ကဲမှုဖြင့် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ စတင်တိုက်ခိုက်ချိန်ကပင် ရဲနှင့် စစ်သား အားလုံးထွက်ပြေး သွား၍ ရဲစခန်းကို ၁၅ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ကြောင်း၊ စခန်းအတွင်း ရှိ ရဲအသုံးအဆောင်ပစ္စည်းများ ပြည်သူလူထုထံမှ လုယက်ယူထားသည့် ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါကြောင်းသိရှိရသည်။
အဆိုပါမုန်တောင်ရဲစခန်းမှာ ပြည်သူများကို နည်းလမ်းမျိုးစုံသုံးကာ ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ လူငယ်များကို ပေါ်တာဆွဲခြင်းများ ပြုလုပ်နေခြင်းကြောင့် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူက ရှင်းပြသည်။
“ကျနော်တို့ သေနတ်စပစ်ကတည်းက ထွက်ပြေးကြတာ ရဲက ၂ ယောက်ဒဏ်ရာရတယ်။ အဲဒီမှာ စစ်ခွေး အင်အား ၁၂ ယောက်ရှိတယ်။ လက်နက်တွေ သိမ်း ဆည်းရမိတာမရှိဘူး။ အဲဒီကောင်က တန်းပြီးထွက်ပြေးကြတာ ပြည်သူတွေကို စစ်တပ်တွေ အနားမနေကြဖို့ဘဲ တိုက်တွန်းချင်ပါတယ်”ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊အမှတ် ၆ တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအနေဖြင့် လုပ်ငန်းရှင်များအပါ အဝင် မည့်သူတစ်ဦးတစ်ယောက်ထံမှ အလှူခံခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းလည်း မရှိကြောင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်သားများ၊ ရဲများနှင့် စစ်စခန်းများအနီးတွင် မနေထိုင်ကြရန် မင်းဘူးခရိုင် အမှတ် ၆ တပ် ရင်းက အသိပေး နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






