26 C
Yangon

ဝက်လက်မြို့နယ်တွင် ၃ လကြာ စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာ ၂၀ နီးပါးကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ၍ လချီတိမ်းရှောင်နေရသော ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၃ လကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂၀ နီးပါးကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ၍ လချီတိမ်းရှောင်နေရသော ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်းပိုင်းမှ စတင်ပြီး ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ထိ ဝက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ ၊ ဦးတည်ကုန်းရွာ၊ ပင်ဇင်းရွာ၊ ကျီးကန်မြောက်ရွာ၊ ဘုရားပြန်ရွာ၊ သရက်ကြီးရွာ၊ ရွာသစ်ရွာနှင့် ရေဂမိုးရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် လက်ရှိချိန်ထိ သစ်ဆိမ့်ရွာ၊ ငါးပတ်ချောင်းရွာ၊ ရှားကွဲရွာ၊ ထုံးဘိုရွာ၊ ကူကြီးရွာ၊ ရေဂမိုးရွာ၊ မင်းရွာတောင်ရွာ၊ ရေလည်မှော်ရွာ၊ ရွာသာရွာ၊ နတ်မှော်ဦးရွာ၊ အင်ဒေါင်းရွာ၊ လှေပို့ဆိပ်ရွာ၊ ရွာသစ်ရွာနှင့် ကမ်းဖြူရွာတို့မှ ပြည်သူ ၈၅၆၆ ဦးသည် တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ပြည်သူတွေ တိမ်းရှောင်နေရတာက ၃ လလောက်ကြာပြီ လူဦးရေက ၈၀၀၀ ကျော်တယ်။ ထပ်တိုး လာတွေလည်းရှိပါတယ်။ မြေပြင် စစ်ခွေးစစ်ကြောင်းကလည်းရှိနေသေးတယ်။ အခုအရေပေါ် အနေနဲ့လိုအပ်နေတာက စားနပ်ရိက္ခာအပြင် အမိုးအကာတွေလည်း လိုအပ်နေပါတယ်” ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတွင်ရှိနေသော အကြမ်းဖက် စစ်သားများသည် ကျေးရွာအနောက်တောင်ဘက်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်ခဲ့သော တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့က ထုံးဘိုရွာကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ရွာရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေ နေထိုင်ခဲ့တဲ့ တောတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲစစ်ခွေးစစ်ကြောင်းက ဒီနေ့မှာ ရွာသစ်ရွာထဲကို ရောက်နေပြီးတော့ ရှားကွဲရွာနဲ့ ထုံးဘိုရွာဘက်သို့ ဝင်ရောက်သွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ထိ လေယာဉ်ဖြင့် ဝက်လက်မြို့နယ် အတွင်းရှိ နတ်မှော်ဦးရွာ၊ ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက်၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်အစပ် ကျေးရွာများ၊ ဆည်တောရွာ ၊ သစ်ဆိပ်ရွာ ၊ ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် ၊ ငါးပတ်ချာင်းရွာ ၊ ဝက်လက် အရှေ့ခြမ်း ကမ်းဖြူ မုဒ်ပေါက်အနီး အမှတ်-၃ ကားလမ်းအနောက်ဘက် အနီး ၊ လိန်ပင်ရွာ ၊ သစ်ဆိပ်ရွာ၊ ပေါက်ကန်ဘူတာရွာနှင့် ညောင်ကန်ရွာ တို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ၂ လအရွယ် ကလေးငယ် ၁ ဦးနှင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article