26 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ် သက်လို့ လုံး၀ ခွင့်မလွှတ်တဲ့ ပြတ်သားသော မူဝါဒ ချမှတ်ထားပြီး မူး ယစ် ဆေးဝါးကြောင့် တိုင်းပြည်နှင့်ပြည်သူကို လမ်းမှား မရောက်အောင် တိုက်ဖျက်သွားမယ်လို့ ကြေညာလာပါတယ်။
  • ပဲခူးတိုင်းက အုတ်တွင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းလိုက်ရာမှာ စစ်တပ် စစ်ကြောင်း တစ်ကြောင်းလုံးတပ်ပျက် သွားပြီး စစ်သား အယောက် ၅၀ ဝန်းကျင်ပါ အသီးသီး‌သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သာယာဝတီခရိုင် PDF တိုင်း/စစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းမြို့နယ်မှာ စက်သုံးဆီ သယ်ဆောင်တဲ့ ကားတွေကို လိုက်လံဖမ်းဆီးငွေညှစ်တောင်းယမ်းနေတဲ့ အကြမ်းဖက် စစ်တပ်ဘက်က ရဲအရာရှိ ၁ ဦးနဲ့ ပျုစောထီး ၁ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ် ရှင်းလင်း လိုက်ရာမှာ ၂ ဦးစလုံးပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ လင်းယုန်ညီနောင် ပြောက်ကျား တပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဥရောပသမဂ္ဂ (EU) က အီရန်နိုင်ငံရဲ့ စစ်တပ်ထဲက အင်အားကြီး အစ္စလာမစ်တော်လှန်ရေးတပ်ဖွဲ့ IRGC ကို “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်လိုက်ပါတယ်။
  • EU နိုင်ငံခြားရေးမူဝါဒအကြီး အကဲကတော့ ဒီဆုံးဖြတ်ချက်ကို “အရေးပါတဲ့ ခြေလှမ်းတစ်ရပ်” လို့ ခေါ်ဆိုပြီး၊ မကြာသေးခင်က အီရန်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် တုံ့ပြန်တဲ့ အရေးယူမှုဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article