ရန်ကုန်၊ ဇန်နဝါရီ ၃၀
ပဲခူးတိုင်း ၊ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ်လမ်းပိုင်းရှိ စစ်တောင်းမြစ် တံတားပေါ်တွင် အထိုင်ချ တပ်စွဲထားသောနေရာကို စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Falcons စွန်ရဲ (Local PDF) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈နာရီခန့်တွင် ဖြူးမြို့နယ်ရှိ မုန်း-အုတ်ဖြတ် လမ်းပိုင်းရှိ စစ်တောင်းမြစ် တံတားပေါ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်မှ နေပူဆာထွက်လှုံနေသော စစ်သား ၁ ဦး နှင့် အဝတ်ထွက် လှန်းသည့် တပ်ကြပ် ၁ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး အင်အား အတိအကျ မသိရပါဘူး။ စနိုက်ပါ ၃ လက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၂လက်ကထောက်ထားပြီး မုန်း-အုတ်ဖြတ် လမ်းပိုင်း စစ်တောင်းမြစ် တံတားပေါ်မှာက စစ်ခွေးတွေ အထိုင်ချ တပ်စွဲထားတာ ဂိတ်လဲရှိပါတယ်” ဟု Falcons စွန်ရဲ (Local PDF) မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း(၈) နှင့် ARMS Local PDF တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ရွာငံ-အောင်ပန်း လမ်းပိုင်းတွင် ရွာငံမြို့ပေါ်ကို အိမ်စီးကားဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ရက်နေ့တွင် ရွာငံ-အောင်ပန်းလမ်းပိုင်း ရွာငံမြို့ပေါ်ကို အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မြိုင်ကျေးရွာအနီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ တော်လှန် ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ခွေးပါလာတဲ့အိမ်စီးကားကို လမ်းကနေ ပြောက်ကျားတိုက်ခိုက်တာလို့ ကြားသိရတယ်။ ရွာငံ- အောင်ပန်းလမ်းပိုင်း ရွာငံမြို့ပေါ်ကို သွားနေသော စစ်ခွေးကားကို တိုက်ခိုက်တာလို့သိရတယ်။ စစ်ခွေးကားက တစ်စီးထဲလာတယ်လို့ သိရတယ်။ စစ်ခွေး အင်အားက ၅ ယောက်လောက်ပါတယ်။ စစ်ခွေး အိမ်စီးကားကို မြိုင်ကျေးရွာအနီးမှာ လက်နက်ငယ်များဖြင့် ပစ်ခတ်တာ စစ်ခွေး ၃ ကောင်တော့ ပွဲချင်းပြီးသေတယ်လို့သိရတယ်”ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာငံမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်လက် မေးမြန်းလျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




