By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိတဲ့အချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာတော့ လူမြင်ကွင်းကနေ ၃ ရက်ကြာ ခေတ္တ ပျောက်ကွယ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်မင်းအောင်လှိုင်က မြို့နယ် ၆၃ ခုမှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက် ၉၀ ထပ်မံ သက်တမ်းတိုးလိုက်ပြန်သလို ၊ ကြံ့ဖွတ်အစိုးရသစ် ပေါ်လာတဲ့အချိန်အထိ စစ်အုပ်ချုပ်ရေး အသက်ဝင်နေမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ နောင်တက်မယ့် အစိုးရကို အပြည့်အ၀ လက်မခံသလို စစ်အာဏာသိမ်းမှုကိုလည်း တရားဝင်အသိအမှတ်မပြုဘဲ သတိပြု ထိတွေ့မည့် ” ချိန်ညှိ ဆက်ဆံရေး မူဝါဒသစ်” ကို အဆိုပြုလိုက်ပါတယ်။
အမေရိကန်ရေတပ်သင်္ဘောအုပ်စုတွေဟာ အီရန်နိုင်ငံနဲ့ နီးကပ်လာလို့ဆိုပြီး အီရန်က “စစ်ပွဲအတွက် အသင့်ပြင်နေပြီ လို့ ထုတ်ပြန် ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




