ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ထိုင်ဝမ်ရှိ နန်ရှီကျောင်း (Nanshijiao) MRT ဘူတာတွင် Taiwan Alliance for Myanmar (TAM)က ဦးဆောင်၍ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ကို အောက်မေ့သတိရစေရန်ရည်ရွယ်၍ သရုပ်ဖော်ပြသခြင်းနှင့် ထိုင်ဝမ်အစိုးရက မြန်မာခိုလှုံခွင့်ရှာဖွေသူများကို လက်တွေ့ကျကျ အကာအကွယ်ပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။






