24 C
Yangon

ဂန့်ဂေါနှင့်တန့်ဆည်မြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နယ်မြောက်ပိုင်း၊ စန်းမြို့ကျေးရွာအနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြစ်သာမြစ် အရှေ့ဘက်ခြမ်း ၊ စန်းမြို့ကျေးရွာအနီးတနေရာ ကို အကြမ်းဖက်စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ အရင်ကတော့ စစ်ဘေးရှောင်တွေနေတယ်။ အခုက ဘယ်သူမှ မနေ တော့ဘူး။ အဲဒီနေရာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ပျံဝဲပြီး ဗုံးကျဲသွားတာ။ ဘယ်သူမှ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တန့်ဆည်မြို့နယ်အနောက်ခြမ်း ကော်တက်ရွာကို အကြမ်းဖက် စစ် တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ခန့်အချိန် တိုက်လေယာဉ် ၁ စီးဖြင့် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၂၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုအတွင်း ကော်တက်ကျေးရွာနေ ပြည်သူ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေရဲ့ တံတားဦးတက်ဖိုက်တာနဲ့ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ ပေါင် ၂၀၀ ဗုံးသီး ၂ လုံး ဗုံကျဲချတိုက်ခိုက်ခဲ့တာပါ။ အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားပြီး နေအိမ် ၃ လုံးပျက်စီးတယ် အသက်အရွယ်​တော့ မသိရဘူး ​ကော်တက်ရွာထဲကပါ။ စစ်ခွေးတွေက တိုက်ပွဲမဖြစ်ဘဲ အဲဒီကျေးရွာက ပြည်သူတွေ နေထိုင်ရာနေရာကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်တာပါ” ဟု Infinity Group မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ယခု​နောက်ပိုင်း စစ်​ရေးပစ်မှတ်မဟုတ်သည့် ​ပြည်သူများ နေထိုင်ရာ ကျေးရွာ​များအတွင်းရှိ ​နေအိမ်​များကိုပါ ဦးတည်ပြီး ​လေ​ကြောင်းတိုက်ခိုက်မှု​များ ဆက်တိုက်ပြုလုပ်​လာကြောင်း၊ အလှူပွဲရာသီဖြစ်တဲ့အ​လျောက် ပွဲလမ်းသဘင်​တွေ ကျင်းပကြပါက ​ဘောက် ၊စပီကာ​များကို အချိန်နဲ့အမျှ သတိပြုဖွင့်ကြပါရန် Infinity Group က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာမှ နေအိမ်တချို့ မီးလောင်ကျွမ်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article