By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
–ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergei Shoigu ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံနိုင်တာမရှိသေးဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ် နေတာက ၁ ပတ်ကျော်ကြာမြင့်လာတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်နှင့်မန္တလေးမှာ စက်မှုဇုန်တွေ၊ အိမ်ရာတေွနှင့် စီးပွားရေးလုပ်ငန်းတွေကို LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်ကို ငွေကျပ် ၉၀၀ ကောက်ခံနေပြီလို့ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရဲ့ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုတွေက အရှိန်မလျော့ သွားဘဲ ပိုမိုပြင်းထန်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက နိုင်ငံပေါင်း ၇၅ နိုင်ငံက လာမယ့်သူတွေကို အခြေချနေ ထိုင်ခွင့် ဗီဇာ (Immigrant Visa) ထုတ်ပေးတာကို ရပ်ဆိုင်းလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံသား တစ်စုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးအဖွဲ့တွေက ဒီနေ့ တရားစွဲဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




