By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်တပ်က ဧရာ၀တီမြစ်ဆုံဆည်ကို ငလျင်ပြင်းအား ၈ မဂ္ဂနီကျူဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မယ်ဆိုတာတွေ ၊ စီမံကိန်းကာလ ၅ နှစ်ကနေ ၁၀ နှစ်အထိ ကြာမြင့်မယ်ဆိုတာတွေ ပြောပြီး ထောက်ခံမှုရအောင် လိုက်လံစည်းရုံးနေပြန်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား လေဆပ်မှာ ခရီးသည်တင်လေယာဉ် ဗုံးထိမှန်ပြီးတဲ့နောက် မြစ်ကြီးနား လေဆိပ်ကို ၃ လကြာ ပိတ်သိမ်းလိုက်ပြီး ၊ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိမှန်ပြီး နေအိမ်တွေလည်း ပျက်ဆီးထားတယ်လို့ ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က KIA တပ်မဟာ ၉ နယ်မြေမှာ တိုက်ပွဲဖြစ်ပွားမှု မရှိပဲ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်သွားပြန်တယ်လို့ ဖားကန့်သတင်းရင်းမြစ် က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-အမေရိကန်ရဲ့ လောင်စာဆီပိတ်ဆို့မှုကြောင့် ကျူးဘားနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေ နေပြီလို့ ကျူးဘားအစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။




