30 C
Yangon

မြစ်ကြီးနားနှင့်သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်ခွင့်ပြုနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဖေဖော်ဝါလနှောင်းပိုင်းအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်နေသော်လည်း ခေမာသီရိရပ်ကွက်အတွင်း၌ ညကြီးအချိန်မတော်အထိ ဇာတ်ပွဲများနှင့် လောင်းကစားပွဲများကို ရက်ရှည်လများ ကျင်းပနေကြောင်း သိရသည်။

ထိုသို့ ဆူညံစွာ ကျင်းပနေခြင်းများကြောင့် ကျောင်းသူ၊ ကျောင်းသားများမှာ စာကျက်၍မရခြင်းနှင့် အိပ်ရေးပျက်ကာ ဖျားနာခြင်းများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် သက်ကြီးရွယ်အိုများမှာလည်း ကျန်း မာရေးများ ချို့တဲ့လာကြရသည့်အပြင်၊ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကြောင့် ရပ်ကွက်အတွင်း၌ သူခိုးများနှင့် လုယက်သော ရာဇဝတ်မှုများ အလွန် ပေါများလာကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်ကြားမှပင် မိုးလင်းပေါက် ​ ဆူညံစွာ ကခုန်ပျော်ပါး၍ လောင်းကစား၀ိုင်းများ ပြုလုပ်နေကြောငး၊ မြစ်ကြီးနားမြို့မှ ပြည်သူများမှာ အိမ်ပေါ်သို့ လက်နက်ကြီး ကျလာမည်ကို အမြဲမပြတ် စိုးရိမ်ကြောက်လန့်နေရချိန် လောင်းကစား၀ိုင်းများကြောင့် ပိုမို စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၊ ကမ်းသာယာစာသင်ကျောင်း လမ်းကြား၊ မိုကြိုကျောင်းအနီးရှိ ဘောလုံးကွင်းတွင်လည်း ဒေသတပ်နယ်မှ ဗိုလ်ကြီးစောကိုမျိုး ဦးဆောင်၍ တရားမဝင် လောင်း ကစားဝိုင်းများကို အကြီးအကျယ် စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလောင်းကစားဝိုင်းများအတွင်း၌ ကျောင်းသား၊ ကျောင်းသူများပါ ဝင်ရောက်ကစားနေကြသည်ကို တွေ့ရှိရပြီး ကျောင်း သားများမှာ စာကို စိတ်မဝင်စားတော့ဘဲ လောင်းကစား၀ိုင်းများတွင်သာ ကျောင်းစိမ်းဝတ်စုံဖြင့် လာရောက် အချိန်ဖြုန်း လောင်းကစားကြကြောင်း သိရှိရသည်။

ယခုအချိန်မှာ ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလဖြစ်သော်လည်း စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစား၀ိုင်းများထံမှ ငွေကြေးကောက်ခံ ခွင့်ပြုပေးနေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article