25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌခင်ရီရဲ့ ဇာတိကျေးရွာထဲက လယ်ယာမြေကနေ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့ပြီး၊ အဲဒီနေရာက ရွှံ့ရေကို သောက်သုံးရင် ရောဂါပျောက် ကင်းတယ်လို့ဆိုကာ ကြံ့ဖွတ်ပါတီဝင်တွေက ရောင်းချနေတဲ့အတွက် လာရောက်ဝယ်ယူသူတွေ အလွန်များပြားနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Green Land City စီမံကိန်းအတွင်း လယ်မြေတွေပေါ်မှာ အဆောက်အဦတွေကို ဥပဒေမဲ့ဆောက်လုပ်ခွင့်ချထားပေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းနဲ့ စည်ပင်သာယာရေးအဖွဲ့တစ်ဖွဲ့လုံးကို အရေးယူပေးဖို့ ပြည်သူ ၉ ဦးက တိုင်ကြား လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး UNICEF က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အထူးစိုးရိမ်ပူပန်ကြောင်းနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြားမှာ တင်းမာမှုတွေ အထွတ်အထိပ် ရောက်နေပြီး ကြာသပတေးနေ့မှာတော့ အာဖဂန်စစ်တပ်က ပါကစ္စတန်ဘက်ကို စစ်ရေးအရ လက်တုံ့ ပြန်တိုက်ခိုက်မှုတွေ စတင်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article