27 C
Yangon

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ စုပေါင်းပြီး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ အဖွဲ့ဝင် အမျိုးသမီးများ၊ LGBT၊ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ကြသည်။

တော်လှန်ရေး အောင်မြင်ရန် လူထုသပိတ်လှုပ်ရှားမှု၊ CDM လှုပ်ရှားမှု၊ စစ်တပ်ထုတ်ကုန်သပိတ်မှောက်သည့် လှုပ်ရှားမှု၊ စစ်တပ်၏ မတရားအမိန့်မှန်သမျှ မနာခံမှု အပါအဝင် အကြမ်းမဖက်လူထုလှုပ်ရှားမှုများသည် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍာတွင်ပါဝင်ကြောင်း၊ လူထုသပိတ်လှုပ်ရှားမှုသည် အကြမ်းမဖက်လူထုလှုပ်ရှားမှုများ၏အခြေခံအုတ်မြစ်ဖြစ်သလို အဓိက ကျောရိုးလည်းဖြစ်ကြောင်း၊ လူထုသပိတ်လှုပ်ရှားမှုတွေကို အခြေပြုပြီး အကြမ်းမဖက်လူထုလှုပ်ရှားမှုမျာား ယခုထက်ပိုပြီး လုပ်ဆောင်နိုင်မည်ဆိုပါက စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး အောင်မြင်ရန် အလားအလာကောင်းများ ပိုများလာနိုင်ကြောင်း၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုများတွင် ပြည်သူများ ပါဝင်ကြရန် သပိတ်ဦးဆောင်သူများက တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article