31 C
Yangon

Khit Thit သတင်းဌာန၏ မတ်၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ်၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက် ရေး စီမံချက်တွေချမှတ်ဆောင်ရွက်ဖို့ NLD က ဆုံးဖြတ်လိုက်ပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်မှာ ၂ လတာအတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂၁ ယောက်သေဆုံးကာ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဒရုန်းနှင့် လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

-တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ၁ လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို လိုက်လံ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ ၁ ဦးအလင်းဝင်ရော က်လာတဲ့အပြင် စစ်တပ် တပ်စွဲထားတဲ့ နေရာတချို့လည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီနဲ့ သူရဲ့ မိသားစုဝင်တွေ အပြင် အီရန်ကာကွယ်ရေးဝန်ကြီးနှင့်စစ်တပ်အကြီးအကဲများစွာ သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာတွေကကြေညာလိုက်သလို တဖက် အီရန်အာဏာရှင်တွေ သေသွားလို့ အီရန်ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံနေကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article