By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမေရိကန်-အစ္စရေး နဲ့ အီရန်နိုင်ငံအကြား စစ်ပွဲတွေနဲ့ ပက်သက်ပြီး မြန်မာစစ်တပ်ရဲ့ သဘောထား မှတ်ချက် ပေးဖို့ သတင်းဌာနတွေက တောင်းခံပေမယ့် အကြမ်းဖက် ဇော်မင်းထွန်းက လုံးဝ မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေတယ်လို့ ပြည်တွင်းပြည်ပသတင်းဌာနတွေဆီကနေ သိရပါတယ်။
အီရန်စစ်ပွဲကြောင့် မြန်မာနိုင်ငံမှာ လောင်စာဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေရပြီး ရက် ပိုင်းအတွင်း ဆီပြတ်လပ်နိုင်တဲ့အခြေနေမှာ ရှိနေတယ်လို့ ဒေသခံပြည်သူတွေနဲ့ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံက နျူကလီးယားဓာတ်သတ္တုကုန်ကြမ်းတွေကို အီရန်နိုင်ငံဘက်ကို ရောင်းချဖို့ ကြိုးပမ်းခဲ့ တဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင် အီဘီဆာဝါ ကို အမေရိကန် ပြည်ထောင်စု တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အီရန်နဲ့ အမေရိကန်ကြား စစ်ပွဲဟာ အီရန်ဘက်က အရင်တိုက်မှာစိုးလို့ အမေရိဘက်က လက်ဦးမှုယူခဲ့ တာလို့ သမ္မတ ထရန့် ပြောကြားလိုက်ပြီး အစ္စရေး နိုင်ငံက အမေရိကန်ကို စစ်ပွဲထဲဆွဲသွင်းတယ်ဆိုတဲ့ ပြောဆိုချက်ကိုပါ သမ္မတ ထရန့်က ငြင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါပါမယ်။




