By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၅ နှစ်သက်တမ်း ၁ ကြိမ်ပဲ တာဝန်ထမ်းဆောင်ရမယ်လို့ ကာချုပ်ရာထူးကို ၁၅ နှစ်အထိ သက်တမ်းအကြိမ်ကြိမ်တိုးပြီးယူထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က တဖန်ပြန်ပြီး သူ့စိတ်ကြိုင် ပြန်လည် သတ်မှတ်ဖို့လုပ်နေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိန်ကန် – အစ္စရေး နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာနေတဲ့ အရှေ့အလယ်ပိုင်းဒေသက မြန်မာ နိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းကတစ်ဆင့်တွေ့ဆုံ အားပေးစကားပြာပြီး လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အကြောင်းနဲ့ လက်ရှိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးကို ကူညီပေးဖို့ ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO က ဩစတြေးလျလွှတ်တော်မှာ သက်သေထွက် တောင်းဆိုခဲ့ပါတယ်။
အမေရိန် – အစ္စရေးနဲ့ အီရန်စစ်ပွဲဟာ ၅ ရက်မြောက်နေ့မှာတင် အီရန်ဘက်က သေဆုံးသူ အယောက် ၁,၀၀၀ ကျော်သွားပြီဖြစ်သလို အီရန်ခေါင်းဆောင် ခါမေနီရဲ့ ဈာပနကိုပါ ရွှေ့ဆိုင်းလိုက်ရတယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




