31 C
Yangon

ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံ နေ

Must read

ရန်ကုန်၊ မတ် ၅

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက် ကပစ ၁၆ တပ်ကို AA နှင့် တော်လှန်ရေးပူးပေါင်း တပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။

AA က ပစ်ခတ်သော လက်နက်ကြီးများမှာ ကပစ ၁၆ တပ်ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်း၊ တန်းစီကွင်းနှင့် အားကစားကွင်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့ကလည်း ကပစ ၁၆ အနီး တိုက်ပွဲဖြစ်ပွားရာ နေရာများကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် လူနာတင်ကားများ ရောက်ရှိလာပြီး ကပစ ၁၆ အတွင်းမှ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို ပြည်မြို့ဘက်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

“ပန်းတောင်း ကပစ ၁၆ ကတော့ တိုက်ပွဲတော်တော်ပြင်းထန်းနေတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေရှိသလို စစ်ခွေးတွေကလည်း လေယာဉ်တွေနဲ့ဗုံးကျဲတာတွေရှိပါတယ်။ ကျနော်တို့ သိရသလောက်တော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံးက ကပစ ၁၆ တပ်ဝင်းထဲက အိမ်ထောင်သည်လိုင်းခန်း၊ တန်းစီကွင်းနဲ့ အားကစားကွင်းဘက်ကို ကျရောက်ပေါက်ကွဲလို့ စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်။ မနေ့ကလည်း လေယာဉ်တွေနဲ့ ဗုံးလာကျဲပြီး လူနာတင်ကားတွေနဲ့ ပြည်မြို့ဘက်ကို ဒဏ်ရာရ စစ်ခွေးတွေ သယ်ထုတ်ပြီး ဆင်းသွားတယ်လို့သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းကြောင့် ကပစ ၁၆ အတွင်းကို ကပစ ၉ မှ စစ်သားများဖြင့် အင်အားဖြည့်တင်းပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် ပန်းတောင်းမြို့နယ် ကပစ ၆ တပ်အတွင်းမှ တပ်ပြောင်းပါသွားသည့် စစ်သားများသည် လမ်းတွင် ထွက်ပြေးသွားကြောင့် စစ်တပ်က မိသားစုများ၏ နေအိမ်များကို မတ်လ ၄ ရက်နေ့တွင် လိုက်လံ မွှေနှောက်ရှာဖွေနေပြီး ထွက်ပြေးသူ အရေအတွက်ကိုမူ မသိရှိရသေးဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article