ရန်ကုန်၊ မတ် ၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် ဘုရားကြီးကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးနေသာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ပြီး၊ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ကျနော်တို့ သွားတိုက်ခိုက်တာက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ ဘုရားကြီးကုန်းကိုစစ် ကြောင်းဝင်ရွာကိုမီးရှို့သွား နေအိမ် ၁၀လုံးကျော်လောက် မီးရှို့လောင်ပျက်စီးသွားတယ် ။ စစ်ခွေးသေဆုံးတာက ခန့်မှန်းခြေ ၃ ဦးလောက် သေဆုံးတယ်။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ စစ်ခွေး စစ် ကြောင်းက ဆုံရွာကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းပါ။ အနောက်လိုက်ပစ်တော့ တမ်းပြန်ဆုတ်သွားတာပါ။ စစ်ဝင်လာတော့ စစ်ခွေး အင်အား ၃၀၀ လောက်တော့ရှိတယ်။ ရွာမီးရှို့တာကို ကျွန်တို့နဲ့ပစ်ခတ်ကြတော့ ခွေးစစ်ကြောင်းတန်းပြန်ဆုတ်သွားတာပါ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပြည်သူ့ာကွယ်ရေးတပ်ဖွဲ့ ၄ နှင့် ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံးရှိ အကြမ်းဖက် စစ်တပ်၏ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂ ရက်နေ့ မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံးရှိ အကြမ်းဖက် စစ်တပ်၏ ရေကြောင်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ နေရာမှာတင် ပွဲချင်းပြီး စစ်သား ၃ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေး အင်အားက မတ် ၂ ရက်နေ့က အရာရှိလာမှာမို့ ကြိုနေကြတာ ၄၀ လောက်ရှိပါတယ်။ ပထမ တစ်လုံးမှာ ၂ယောက်ထိပါတယ်။ နေရာမှာတင် ၁ ယောက်သေပါတယ်။ တတိယ တစ်လုံးမှာ ၁ယောက်ထပ်ထိပါတယ်။ နေရာမှာတင်သေပါတယ်။ ၅ လုံးမြောက်မှာ လက်နက်ကြီး ကောင်တာနေရာမှာ ချတာ ၁ယောက်ထိပါတယ် “ဟု ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုညီကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့ နှင့် ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ- တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




