28 C
Yangon

သရက်ချောင်းမြို့နယ်တွင် KTLA အဖွဲ့က ပစ်ခတ်မှုကြောင့် KNLA ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် KTLA အဖွဲ့က ပစ်ခတ်မှုကြောင့် KNLA ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သရက်ချောင်းမြို့နယ်တွင် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့က သမီးပေါ်သောကျေးရွာနှင့် ကနဲဃော‌(ပျားသားချောင်း) ကျေးရွာအကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ တပ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)၊ တပ်ရင်း ၁၂ မှ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးဖော်ဆောင်‌နေ၍ စစ်အင်အားဖြည့်ရန် သွားရောက်စဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အခုကြားရသလောက် တပ်ရင်း ၁၂ က လူတွေက ဆက်သွယ်တယ်ပေါ့။ အယ်ခွီးတို့ဆီကို ဘယ်လိုလုပ်မယ်။ သူတို့က အဆက်အသွယ်မခံဘူး။ သူတို့ဘာသာ လိုက်ချောင်းပစ်နေတာ အခု ဟိုဘက်က ရဲဘော်တွေ ခြေထောက်ထိတယ်လို့ ကြားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article