By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား တပ်ပေါင်းစုတစ်ရပ် အလျှင်အမြန် အကောင် အထည်ဖော်ကြဖို့ကို အရပ်ဘက်နှင့် စစ်အာဏာရှင် တော်လှန်ရေး အဖွဲ့ပေါင်း ၄၅ ဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက် စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ဖို့တွေ ရှိနိုင်ပေမယ့်လည်း လာမယ့်လွှတ်တော်မှာ ဆွေးနွေးဆုံး ဖြတ်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုပြန်ပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ အမှတ် (၁၆)ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေနေ့စဉ် ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
-အမေရိကန်နဲ့ အီရန်က တစ်ဖက်နဲ့တစ်ဖက် အလျှော့မပေးဘဲ ခြိမ်းခြောက်မှုတွေ ပိုလုပ်လာကြပြီး စစ်ပွဲကလည်း ဘယ်တော့ပြီးမလဲ မသိနိုင်အောင် ဖြစ်လာနေပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အင်္ဂါနေ့ဟာ အီရန်နိုင်ငံထဲကို သူတို့ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မယ့်နေ့ ဖြစ် လာဦး မှာဖြစ်ပြီး တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေ ယာဉ်တွေ အများဆုံးသုံးမှာဖြစ်သလို တိုက်ခိုက်မှု တွေလည်း အများဆုံးဖြစ်တဲ့အပြင် ထောက်လှမ်းရေး သတင်းတွေကလည်း အရင်ကထက် ပိုပြီးတော့ တိကျကောင်းမွန်နေပြီလို့ သတိပေးပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




