30 C
Yangon

KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်မှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၇

ကချင်လွတ်မြောက်ရေးအဖွဲ့ -KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်ပြီး ယင်းဒေသရှိ KIA တပ်များကို သွားရောက်စစ်ဆေးမှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဧပြီလဆန်းပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဖွဲ့သည် ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်းများသို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိထားကြောင်း၊ TNLA နှင့် MNDAA မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံသည်ဆိုသော သတင်းများကို အွန်လိုင်းတွင်တွေ့ရှိရသော် လည်း ၎င်းအနေဖြင့် ယင်းသတင်းများကို မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

“ရှမ်းမြောက်ပေါ့။ ကျနော်တို့ အခေါ်တော့ တောင်ပိုင်းဘက်မှာရှိတဲ့ တပ်တွေကို သွားရောက်စစ်ဆေးတယ်လို့ သိပါတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်ကပေါ့။ TNLA နဲ့ MNDAA မဟာမိတ်တွေနဲ့ တွေ့တယ်ဆိုတာ ကျနော်တို့လည်း အွန်လိုင်းပေါ်မှာပဲ တွေ့တယ်။ ဒါပေမယ့် အဲဒါကိုတော့ ကျနော်မသိပါဘူး။ ကျနော်သိတာကတော့ တောင်းပိုင်းက တပ်တွေကို သွားစစ်တယ်လို့ပဲ သိပါတယ်” ဟု ဗိုလ်မှူး​ကြီးနော်ဘူက ရှင်းပြသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကမူ ကေအိုင်အို (KIO) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် (Sumlut Gun Maw) နှင့် စစ်ဘက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး လဖိုင်ဇော်ဇော် (Lahpai Zau Zaw) တို့ ဦးဆောင်သောအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဧပြီလဆန်းပိုင်း ရှမ်းမြောက်ဒေသသို့ သွားရောက်ကာ ခရီးစဉ်အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသော ရှမ်း (SSPP/TNLA)၊ ပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) အဖွဲ့တို့နှင့် တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article