38 C
Yangon

စစ်အာဏာသိမ်းလိုက်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်များအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး အားလုံးမျှော်မှန်းချက်ရရှိရေး ဆက်ကြိုးစားကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တိုက်တွန်း

Must read

ရန်ကုန်၊ ဧပြီ ၁၃

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းလိုက်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်များအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး အားလုံးမျှော်မှန်းချက်ရရှိရေး ဆက်လက်ကြိုးစားကြရန် အာရက္ခတပ်တော်-AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင် ပင်ခံကောင်စီ တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာကို မတရားသိမ်း ယူလိုက် ခြင်းသည် AA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး ရရှိလာသည့်အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင် ရရှိထားကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်မှာတော့ ကျနော်တို့က ရှမ်းမြောက် စစ်ဆင်ရေးအပါအဝင်ကိုယ့်ဒေသမှာတိုင်း ရင်းသားလက်နက်အဖွဲ့တွေကတော့ ထိုးစစ်ကြီးတွေ လုပ်ခဲ့ကြတဲ့အတွက်ကြောင့် ဒါဟာလည်း နွေဦး တော်လှန်ရေးနဲ့အတူ ပေါ်လာတဲ့ အခွင့်အရေးကို ကျနော်တို့ ERO တွေက အမိအရနဲ့ အခွင့် အရေးကို ရယူနိုင်ခဲ့တဲ့အတွက်ကြောင့် တော်လှန်ရေးအောင်ပွဲ အသီးအပွင့်တွေကို တစ်ဖွဲ့ချင်း သာမကသူနဲ့ သက်ဆိုင်တဲ့ ဆက်စပ်တဲ့လူတွေ အားလုံးလည်း သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီ အောင်မြင်မှုတွေအပြင် အားလုံးမျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေ ရောက်ဖို့ကတော့ ကျနော်တို့ ဆက်လက်ကြိုးစား ရပါဦးမယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။

လက်ရှိအချိန်သည် နွေဦးတော်လှန်ရေး ၅ နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တော် လှန်ရေးအဖွဲ့ အ စည်းများအနေဖြင့် နာမည်မတူကြသော်လည်းတော်လှန်ရေးဟူသည့်ခေါင်း စဉ်တစ်ခုတည်း အောက်တွင် ရည်မှန်းချက်တူ ၊ ဘုံရန်သူကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဟာမိတ် အဖွဲ့အစည်း အချင်းချင်းကြား၊ အဖွဲ့အစည်းခေါင်း ဆောင်များအကြားတွင် ယုံကြည်မှု၊ တန်ဖိုးထားမှု၊ ညီအစ်ကိုစိတ်ဓာတ်ရှိမှုသည် အရေး ကြီးကြောင်း အသိပေးထားသည်။

“နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့အစည်းတွေကတော့ များပါတယ်။ သူတို့မှာ အားသာချက် တွေအများကြီးရှိသလို အားနည်းချက်တွေလည်း ရှိနေကြတုန်းပါ။ အားသာချက်တွေကိုတော့ ကျ နော့် အနေနဲ့ အများကြီး မလိုပြောပေမယ့် အခုနက ပြောတဲ့ အားနည်း ချက်တွေကို အချိန်တိုတိုလေး မှာ အချိန်မီ ပြုပြင်နိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ကျနော်တို့ရနေတဲ့ အခွင့်အရေးဟာ နောက်ထပ် ဘယ်လောက် ဆက်ပြီးမှ ရနိုင်မလဲ။ ဘုံရန်သူဘက်က သူတို့အနေနဲ့ ကျနော်တို့ ရရှိထား တဲ့ အခွင့်အရေးကို ဆက်လို့ မပေးဖို့အတွက် ကြိုးစားနေတဲ့ဟာမျိုးကိုလည်း အားလုံးသိပြီး ဖြစ်ပါ တယ်။ ဆိုတော့ လက်ရှိရနေတဲ့ အခွင့်အရေးဟာ နည်းသမျှနည်းလာတဲ့အတွက်ကြောင့် ရတဲ့အချိန် ကာလလေးမှာ ကျနော်တို့ဟာ အင်တိုက်အားတိုက်နဲ့ နေ့မအား၊ ညမအား အဆတိုးပြီးတော့မှပဲ ကြိုး စားပြီးမှ ကိုယ့်ရဲ့အားနည်းချက်တွေကို အချိန်မီ ပြုပြင်နိုင်ဖို့အတွက် ခွန်အားအပြည့်နဲ့ ကြိုးစားကြ ပါလို့ ပြောလိုပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့ အစည်း များအနေဖြင့်လည်း စုဖွဲ့မှုများကို ပိုပြီးကျစ်ကျစ်လစ်လစ်၊ စုစုစည်းစည်းနှင့် ယုံကြည်ချက်အပြည့်၊ အားမာန်အပြည့်၊ ခွန်အားအပြည့်၊ လုံ့လဝီရိယအပြည့်ဖြင့် အလုပ်လုပ်မည်ဆိုပါက ပြင်းထန်သည့် တော်လှန်ရေး သန္နိဌာန်များကို မည်သူကမှ တားဆီး၍ မရနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည့်ရာများကို လုပ်သင့်လုပ်ထိုက်သည့်အချိန်တွင် တော် လှန်ရေး အင် အားစုများ အားလုံး ဝိုင်းပြီးလုပ်၍ ရသော အရာများကို ဝိုင်းလုပ်ကြသလို တစ်ဦးတစ်ယောက် ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီ လုပ်၍ရသည့် အရာများကို ဆက်လုပ်ဆောင်ကြရန် ဒေါက်တာညိုထွန်း အောင်က ဆက်လက်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article