27 C
Yangon

လောင်းလုံးမြို့နယ်ရှိ လားဘုံးတောင်ရေဒါစခန်းအနီး တိုက်ပွဲပြင်းထန်နေပြီး Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်က အသိပေး

Must read

ရန်ကုန်၊ မေ ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လားဘုံးတောင်ရေဒါစခန်းအနီး တိုက်ပွဲပြင်းထန်နေပြီး Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် အသိပေးပြောဆိုလိုကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်ပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် လားဘုံးတောင်ရေဒါစခန်းအနီး ရောက်ရှိလာစဉ် တော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး နောက်ကျန် စစ်ကူစစ်ကြောင်းများလည်း ထပ်မံရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ပဒက်ကြီးရွာနှင့် လားဘုံးတောင်ရေဒါစခန်းအနီးကိုလည်း စစ်တပ်၏ Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်များက အသိပေးပြောဆိုထားကြောင်း သိရှိရသည်။

“အခုတိုက်ပွဲဖြစ်တာက လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက လားဘုံးတောင်ရေဒါစခန်း တောင်ခြေကို ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့လို့ တိုက်ပွဲ ပြင်းထန်ထန်ဖြစ်နေတာလို့ သိရတယ်။ စစ်ခွေး စစ်ကြောင်းက အင်အား ၆၀ လောက်ပဲပါတာ နံနက်တည်းကစပြီး မွန်းလွဲပိုင်းထိ နှစ်ဖက် ပစ်ခတ်နေတုန်းပဲ။ အခုခွေးစစ်ကြောင်းရဲ့ နောက်ကျန် အင်အား ၆၀ က တပ်ကူအနေနဲ့ ထပ်ရောက်လာတယ်လို့တော့ ပြောတယ်။ စစ်ရေးက တင်းမာနေတုန်း ရှုပ်ထွေးနေတုန်းဆိုတော့ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ Y-12 တွေလည်း အခုထိကို ဆက်တိုက်ပျံဝဲနေတယ်လို့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြဖို့ အသိပေးချင်ပါတယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်းက စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်ခွာလာပြီး မြို့အနီးအနားရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မေလ ၂၇ ရက်နေ့တွင် ကဒက်ကြီးရွာ အနီးရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် မေလ ၂၈ ရက်နေ့တွင် ကဒက်ကြီးကျေးရွာမှ နေအိမ် ၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းစစ်ကြောင်းသည် စစ်ကြောင်းသွားရာ လမ်းတောက်လျောက်ရှိ ပြည်သူ ၂၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာ၊ ဂေါ့အင်းကျေးရွာ၊ ရေဖြူကျေးရွာ ၊ ဝံတွင်းကျးရွာ၊ သင်္ကန်းတော၊ ပိန္နဲတောကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ ကဒက်ကြီးရွာ၊ ဟင်းချိုတောရွာနှင့် သပြေရှောင်ရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article