27 C
Yangon

အိန္ဒိယအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နေခြင်းကို ချက် ချင်း ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Must read

ရန်ကုန်၊ မေ ၃၀

မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ နယူးဒေလီခရီးစဉ်မှာ အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပိုမိုနက်ရှိုင်းစွာ ကြံရာပါ ပါဝင်ပတ်သက်နေသည့် ပုံစံတစ်ရပ်ကို ဗြောင်ကျကျ ပြသနေခြင်းဖြစ်ကြောင်း Justice For Myanmar-JFMက ထောက်ပြဝေဖန်လိုက်သည်။

မြန်မာစစ်တပ်က အရပ်သားပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပြည်သူအများအပြားကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စေသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေစဉ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်များ၊ စစ်သုံးပစ္စည်းကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် JFM ၏ အစီရင်ခံစာများတွင် အိန္ဒိယလေတပ်နှင့် အိန္ဒိယအစိုးရပိုင်လုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုထံသို့ စစ်ဘက်သုံးပစ္စည်းကိရိယာများ၊ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် လေ့ကျင့်သင်ကြားမှုများကို တိုက်ရိုက်ထောက်ပံ့ပေးနေကြောင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယက မြန်မာစစ်တပ်ထံသို့ ယင်းသို့ ထောက်ပံ့ပေးနေခြင်းသည် စစ်အုပ်စုက အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ပိုမိုအားပေးကူညီရာ ရောက်နေကြောင်း JFM က ထောက်ပြထားသည်။

စစ်ရေးအရ ကူညီနေရုံတင်မကဘဲ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့တွင် ၎င်းတို့၏ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိစေမည့် နိုင်ငံခြားဝင်ငွေရင်းမြစ်များကို ထောက်ပံ့ပေးလျက်ရှိသည်ဟု JFM က ဆက်လက်ပြောဆိုသည်။

ထို့အပြင် မြန်မာပြည်သူလူထုတစ်ရပ်လုံးက စွန့်လွှတ်ပေးဆပ်မှုများစွာဖြင့် ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကာ ငြင်းပယ်ထားပြီးဖြစ်သော တရားမဝင် စစ်အုပ်စုကို အိန္ဒိယအစိုးရက ယခုကဲ့သို့ ရှုတ်ချဖွယ်ကောင်းသော ဖိတ်ကြားမှုများနှင့် ယခင်ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် မမှန်ကန်သော နိုင်ငံရေးတရားဝင်မှုတစ်ရပ်ကို ဗြောင်ကျကျ ပေးအပ်နေခြင်း ဖြစ်သည်ဟု JFM က ကန့်ကွက်ထားသည်။

ယင်းကြောင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများက အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းကာ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေမှုကို ယခုချက်ချင်း အဆုံးသတ်ရန် ပြင်းထန်စွာ တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း တရားမဝင်စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှုပေးနေခြင်းများကို ရပ်တန့်ပြီး၊ အာဏာ ရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူလူထု၏ စစ်မှန်သော ဆန္ဒသ ဘောထားများနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ပေးရန် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက ထပ်လောင်းတောင်းဆိုထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article